အပိုင်း (၁) သစ္စာဖောက်

Start from the beginning
                                    

စက္ကန့် ၃၀ ကျော်သွားပြီ။ အဖွဲ့အစည်းရဲ့ ကြိုပေးမယ့်ယာဥ်က ဘာလို့ အခုပေါ်မလာသေးတာလဲ။

လင်ယွဲ့သည် လက်မှနာရီကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများသည် ချက်ချင်း မဲမှောင်သွားတော့သည်။ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး လက်ထဲတွင် ဝှက်ထားသည့် လျှို့ဝှက်နံပါတ်သေတ္တာကို ရုတ်တရက်ထုတ်လိုက်ကာ တွေဝေခြင်းမရှိဘဲ ဖွင့်လိုက်တော့သည်။

ထင်ထားသည့်အတိုင်းပင် အဖွဲ့အစည်းက ပြောခဲ့သည့် ဇီဝဓာတုဓာတ်ပစ္စည်းမဟုတ်ဘဲ အချိန်မှတ်နေသည့် အသေးစားဗုံးတစ်လုံး ဖြစ်နေသည်။

သူမ မြင်လိုက်သည့်အချိန်တွင် အချိန်မှတ်စက်ပေါ်တွင် ဆယ်စက္ကန့်သာကျန်တော့သည်ကို တွေ့လိုက်ရပြီး လင်ယွဲ့၏မျက်ဆံများသည် ကျုံ့သွားတော့သည်။ တစ်ချိန်ထဲတွင် လူအုပ်၏နောက်မှ အင်မတန် ဘဝင်ခိုက်နေသည့် ရယ်သံတစ်ခု ရုတ်တရက်ထွက်လာ၏။

" လင်ယွဲ့ အဖွဲ့အစည်းက ပိုကောင်းတဲ့အစားထိုးတစ်ယောက်ကို ရှာတွေ့ပြီးသွားပီ၊ မင်းအတွက် အသေးစိတ်ပြင်ဆင်ပေးထားတဲ့ ဇာတ်သိမ်းကို ကြိုဆိုလိုက်တော့"

ချက်ချင်းဆိုသလို လင်ယွဲ့သည် အလွန်မှရင်းနှီးပြီးသား မျက်နှာများကို တွေ့လိုက်ရလေသည်။ သူတို့အားလုံးသည် သူမ တစ်ချိန်က မိသားစုလိုဆက်ဆံခဲ့သည့် သူမ၏လက်တွဲဖော်များပင်....

သူမ၏ပတ်ဝန်းကျင်တွင် မျက်စိကျိန်းလောက်သည့် အပြာရောင်အလင်းများကို ကြည့်လိုက်ရင်း သူမ ဗုံးကို ချက်ချင်းပစ်ထုတ်လိုက်လျှင်တောင် သည်လေဆာများကြောင့် ဖုန်မှုန့်အဖြစ်ပြောင်းသွားလိမ့်မည်ကို လင်ယွဲ့ သိလိုက်တော့သည်။

" ဟားဟား ဟား ဟား ရီစရာကောင်းလိုက်တာ"

လင်ယွဲ့သည် ဒေါသထွက်မည့်အစား အော်ရယ်လိုက်၏။ သူမသည် အူနှိပ်ကာရယ်လိုက်သည်ဖြစ်ရာ မျက်ရည်များပင် စီးကျတော့မတတ်ပင်။

သူမကို လုပ်ကြံရေးအဖွဲ့အစည်းတစ်ခုက ခေါ်ယူပြီး ဆယ့်သုံးနှစ်လုံးလုံး လေ့ကျင့်ပေးခဲ့တာလေ။ အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ တာဝန်တွေကို မရေမတွက်နိုင်အောင် အောင်မြင်ခဲ့တယ်။ အသက် ၁၇နှစ်မှာ သူမဟာ ကမ္ဘာ့နံပါတ်တစ် လုပ်ကြံရေးသမားဖြစ်လာပြီး အဖွဲ့အစည်းရဲ့ အထက်မြက်ဆုံး စွမ်းအားအကြီးဆုံး ဓားတစ်လက်ဖြစ်ခဲ့တယ်လေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now