🍁🍁ep25🍁🍁

104 20 3
                                    

For Life သီချင်းကို ခပ်တိုးတိုးညည်းဆို
ရင်း ဂျောင်ဆူးဘေးဘီကိုတစ်ချက်ဝေ့ကြည့်မိလိုက် ပေသည်။နာရီကို တစ်ချက်ကြည့်လိုက်ရင်း ကားလမ်းမပိတ်တာကိုပင် ကျေးဇူးတင်မိသွား၏။ အဖေဖြစ်သူနှင့်မတွေ့ဖြစ်တာ‌ အတော်ကြာပြီမို့ သွားတွေ့ရမည်မှာ စိတ်လှုပ်ရှားနေမိ‌ လေသည်။ချန်းယောလ်ကလည်း သူဟာနှင့်သူအလုပ်ပတ်ရှုပ်နေသည်မို့ ဂျောင်ဆူးမှာ အားလပ်ချိန်များနေရခြင်း ဖြစ်ပေသည်။










ကျွီ.....


ကားဘရိတ်အုပ်သံနှင့်အတူ BMWကား အနက်လေးက
တိခနဲရပ်သွားရှာ၏။ ကားတံခါးကိုအမြန်ဆွဲ ဖွင့်လိုက်ပြီး မလှမ်းမကမ်းတွင်လဲကျသွားသော မိန်း‌ကလေးတစ်ဦးနား ဂျောင်ဆူးအမြန်သွားမိလိုက်သည်။ဘရိတ်အုပ်မြန်လိုက်လို့ပင်။မဟုတ်ရင် ထိုမိန်းကလေးအား တိုက်မိသွားနိုင်ပေသည်။








"ဟေး...မင်းအဆင်ပြေရဲ့လား "

လဲကျနေသော မိန်းကလေးကို ဂျောင်ဆူး အမြန် ဆွဲထူပေးလိုက်မိပြီး ထိုမိန်းကလေးခမျှလည်း ရုတ်တရက်မို့ လန့်သွားသည့်ပုံပင်။စကားတောင် ချက်ချင်းမပြောလာဘဲ အနည်းငယ်တုံ့ဆိုင်းနေရှာ၏။









"ရပါတယ်ရှင့်၊ တောင်းပန်ပါတယ်။ ကျွန်မအတွေးလွန်နေတုန်း ....ခေါင်းရိပ်ခနဲဖြစ်သွားလို့"

အရှေ့ကိုဝဲကျနေသောဆံပင်များကိုလှန်တင်လိုက်သောအခါမှ သူ(မ)၏မျက်နှာလေးကိုဂျောင်ဆူးသေချာမြင်လိုက်ရ‌ လေသည်။ပြောင်ရှင်းနေသော မျက်နှာလေးသည် မိတ်ကပ်မကူဘဲ ဖြူဖွေးနေ‌ လေ၏။နှုတ်ခမ်းသားတို့ကဆေးသားမကူဘဲ ဖြူဖျော့နေပေသည်။သူပုံစံက မတ်တပ်ရပ်ဖို့ပင် အနိုင်နိုင်ဖြစ်နေပုံရ၏။











"ဂျီဟွန်း မင်းအဆင်ပြေရဲ့လား ကိုယ်ဆေးခန်းလိုက်ပို့ပေးရမလား "

ဂျောင်ဆူးနာမည်တပ်ခေါ်လိုက်လို့လားမသိ ။သူကအလန့်တကြား ပြန်လည်မော့ကြည့်လာ၏။သေချာကြည့်မှ သူ့မျက်နှာကား အရင်ကထက် နွမ်းလျနေပေသည်။ဂျောင်ဆူးသူ့လက်မောင်းကနေ ထိန်းကိုင်လိုက်ပြီး



i love one that is youOn viuen les histories. Descobreix ara