🍁🍁ep41🍁🍁(Ending or Not Ending)

126 16 12
                                    

"စချစ်မိတဲ့နေရာ ....မဟုတ်မှ ...ချစ်ခွင့်စပန်တဲ့နေရာလား "

ဂယောင်ဆူး မိမိခေါင်းကို ပြန်ရိုက်ရင်း ကားကို နေရာတစ်ခုစီ ဦးတည်မိတော့၏။တကယ်ကို ကြာပြီမို့ အမှတ်တမဲ့ဖြစ်နေခဲ့တာပင်။တိမ်တွေကိုသာမကြည့်မိခဲ့လျှင် သတိရမိမှာမဟုတ်ပေ။အဲဒီနေရာမှာတော့ သူရှိဖို့ အတတ်နိုင်ဆုံးမျှော်လင့်မိပေသည်။ဂယောင်ဆူးမှာအခုမှ ရဲစခန်းကို လူပျောက်တိုင်လို့လဲမရ ၊ထိုင်မရထမရ ဖြစ်နေပေ၏။ပြန်တွေ့လျှင်တော့ တကယ်ကို လက်သီးစာကျွေးရပေမည်။နဂိုကတည်းကစိတ်ကသိပ်ရှည်သူမဟုတ်။ချစ်လွန်းလို့သာ သည်းခံထားတာဖြစ်ပေသည်။







လမ်းဘေးတစ်ချက်စီတွင် အဝါရောင် ပန်းပင်ငယ်များအစီအရီတည်ရှိနေ၏။ချယ်ရီပန်းများလည်း အနည်းငယ်ဖူးပွင့်နေပေသည်။အ‌ ဝေးပြေးကားလမ်းမတစ်လျှောက် မောင်းနှင်လာခဲ့ပြီး စိုက်ခင်းတွေရှိသည့် လမ်းမဘက်ချိုးဝင်လိုက်မိပေသည်။ကားမောင်းနေရင်းပင် ဂယောင်ဆူး ရင်ခုန်နေမိသည်။ညနေစောင်းနေပြီမို့ နေဝင်တရောအချိန်ကအင်မတန်လှပနေပေ၏။ကားကိုရပ်လိုက်ပြီး ပြောင်းဖူးခင်းတွေအလွန် နေကြာခင်းတွေရှိရာဆီ လမ်းလျှောက်လာမိပေသည်။





တဖြည်းဖြည်းရည်မှန်းရာနေရာဆီသို့နီးကပ်လာသည့်နှင့်အမျှ ရင်တုန်နေမိ၏။ဒီနေရာလေးတွင် ကိုကိုတစ်ယောက်ရှိပါစေဟု တိတ်တိတ်လေးဆုတောင်းနေမိပေသည်။ပြောင်ဖူးခင်းကိုကျော်ပြီးသည်နှင့် လေနှင့်အတူယိမ်းနွဲ့နေသောလှပသောအဝါရောင်နေကြာခင်းများကို မျက်စိတဆုံးတွေ့မြင်လိုက်ရပေသည်။နေဘက်မျက်နှာမူနေသောနေကြာပင်ပျိုတွေက ဂယောင်ဆူးကိုကျောပေးကာ အစွမ်းကုန်နေမင်းဆီမျက်နှာမူနေ၏။





.
အဝါရောင်နေကြာပန်းပွင့်တွေနှင့်အတူ အစိမ်းရောင်အရွက်များကရွှန်းရွှန်းဝေကာတည်ရှိနေ၏။လှပသောမြင်ကွင်းလေးကို ဂယောင်ဆူး မျက်စိတဆုံးငေးကြည့်မိသည်။နေကြာခင်းထဲပြေးဝင်ကာဆော့ကစားလိုက်ချင်မိတော့ပေသည်။သို့သော် ပန်းတေ‌ွထက်ပိုအရေးကြီးသည့် လူသားကိုကားမတွေ့ရှိသေးပေ။ဂယောင်ဆူး လယ်ကန်စင်းတွေကိုကျော်ဖြတ်ကာ အပြေးအလွှားလိုက်ရှာမိသည်။နေကြာတွေကနေကိုအမြဲမျက်နှာမူသည်။ကိုကိုကရော ကျွန်တော်ကို တကယ်ကြီးကျောခိုင်းဖို့ဆုံးဖြတ်ပြီလားမသိပေ။






i love one that is youWhere stories live. Discover now