🍁🍁ep 16🍁🍁(မေးခွန်း[၃&၄&၅])

152 29 14
                                    

ချန်းယောလ် လက်ထဲကဖိုင်ကို စိတ်မဝင်စားဘဲ စာရွက်တွေကိုသာ ဟိုလှန်ဒီလှန်လုပ်နေမိ၏။ချန်းယောလ်တို့တီထွင်ထားသည့် application မှာ ချို့ယွင်းမှုတွေဖြစ်ပေါ်နေသောကြောင့် သေချာအဖြေရှာလေ့လာသုံးသပ်နေရခြင်းဖြစ်သည်။

"စိတ်နဲ့လူနဲ့မကပ်ပါလား "

ဂျောင်ဂျီဟွန်းရဲ့အမေးကို ချန်း ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့၏။

"ပရောဂျက်အတွက် ငွေအများကြီးလိုနေတာ ငါတို့စပွန်ဆာ ရှာရလိမ့်မယ် ထိပ်တန်းစက်မှုကုမ္ပဏီတွေဆီ ထပ်တင်ပြကြည့်ရင်ရော "

စီနီယာထယ်ဂယောင်းစကားအဆုံးမှာတော့အဖွဲ့သားတွေကပိုမိုငြိမ်ကျသွားတော့၏။
မသေချာသေးတဲ့ လုပ်ငန်းတစ်ခုကို ထိပ်တန်းကုမ္ပဏီတွေက ကျိန်း သေ ပေါက်စိတ်ဝင်စားမည် မဟုတ်ပေ။



ချန်းယောလ် ဖိုင်စာရွက်တွေကိုပိတ်လိုက်ပြီး

"စီနီယာ ကျွန်တော်တို့ လူခွဲပြီးတတ်နိုင်သမျှလှုပ်ရှားကြတာပေါ့ ။ ကြိုးစားပြီး ဘက်ဂျက်အဆင်ပြေနိုင်ဖို့ လုပ်ကြည့်ပါမယ် ။အခုတော့ အရေးကြီးကိစ္စလေးရှိသေးလို့ "

ချန်းယောလ် အနောက်က‌ နေလှမ်းအော်နေတဲ့ အဖွဲ့သားတွေရဲ့စကားကို လျစ်လျူရှုကာ ထွက်လာခဲ့လိုက်၏။




အစ်ကိုရိဖန်ကိုပြောလိုက်လျင် ငွေကချက်ချင်းရမည်ဆိုပေမဲ့ ချန်းမျက်နှာပြောင်တိုက်ကာ ဝမ်သန်းပေါင်းများစွာကို မတောင်းဆိုချင်တော့ပေ။အစ်ကိုရိဖန်ဆီကထောက်ပံ့ကြေးယူတာကိုပင် ချန်းတက္ကသိုလ်ဒုတိယနှစ်ကတည်းကရပ်လိုက်တာဖြစ်၏။






ဂျွန်မြောင်ကိုပြောပြရင် အနည်းနဲ့အများတော့ရလာနိုင်ပေသည်။ချန်းယောလ် စိတ်ထဲ ဖျက်ခနဲလင်းလက်လာမိ၏။ချန်းယောလ် ဂျုံအင်ဆီကရထားသည့် မက်ဆေ့ ကိုပြန်လည်ဖွင့်ကြည့်မိ၏။
ချန်းယောလ် ခြေလှမ်းတွေကတတ်ကြွမှုအပြည့်နဲ့လျှောက်လှမ်းနေမိ၏။တကယ်ကိုသွားသင့်မသွားသင့် ချန်းယောလ် ဒီရက်ပိုင်းလွန်ဆွဲနေမိခဲ့တာဖြစ်သည်။တစ်ခါတစ်လေတော့ ကျားကိုက်ကိုက်တုံးတိုက်တိုက်အရဲစွန့်သင့်ရင် စွန့်ရတော့မည်ဖြစ်ပေ၏။






i love one that is youWhere stories live. Discover now