🍁🍁ep11🍁🍁

165 24 10
                                    

ကန်တင်းမှာ မှာထားတာကိုစောင့်နေချိန်တွင် မိမိတို့ဝိုင်းထဲ ဝင်လာသောသူကြောင့် ဂျောင်ဆူးမျက်ခုံးပင့်မိလိုက်သည်။

"တစ်ခါလောက်စကားပြောကြည့်ချင်ခဲ့ပေမဲ့ တစ်ခါမှအခွင့်အရေးမရှိခဲ့လို့ပါ ခဏလောက်အချိန်ပေးနိုင်မလား "

မိမိရှေ့ကလူကိုဂျောင်ဆူးခေါင်းငြိမ့်ပြမိလိုက်၏။kaiကတော့ ကောင်တာဆီလျှောက်သွားကာရှောင်ပေးသွား‌ လေ၏။တခြားဝိုင်းများဆီမှ စကားသံများကတစ်ချက်တစ်ချက်ပျံ့လွင့်လာပေသည်။ငြိမ်သက်နေသောဝိုင်းလေးကို ဂျောင်ဆူးကပင်စတင်နှိုးထလိုက်သည်။


"ဘာပြောစရာရှိလို့လဲ"

ဂျောင်ဆူးကြောင့် အနေခက်ပုံရ‌ နေသောထိုကလေးက မသိမသာပြန်မော့ကြည့်လာသည်။ဂျောင်ဆူးမိမိကစတင်ပြောမှထိုကလေးပေါက်စကစကားစမည်မှန်းရိပ်မိလိုက်ပေသည်။

"ငါ့အခန်းဖော်အကြောင်းမေးချင်လို့လား ။
ငါပြောရင် မင်းယုံပါ့မလားတော့မသိဘူး။ငါမင်းကိုသတိထားပြီးဆင်ခြင်လို့ရအောင် တတ်နိုင်သမျှသူ့မှာချစ်သူရှိကြောင်း ငါပြောပြခဲ့တယ်။မင်းကိုအဲ့လို့‌ ပြောပြတာက ဖြူစင်တဲ့ကလေးတစ်ယောက်ရဲ့ရင်ထဲစိတ်ဒဏ်ရာမရှိ‌ စေချင်လို့။ ငါအခန်းဖော်နဲ့အဲ့ကိစ္စကြောင့်ငါတို့စကားများထားတယ်။"

ဂျောင်ဆူးဒီအကြောင်းတွေကိုပြန်ပြီးမပြောချင်တော့ပေ။တကယ်ပါကိုယ်နဲ့မဆိုင်သလိုနေလို့ရသည်ကို အကြောရှည်ပြီးဝင်ပါခဲ့ခြင်းဖြစ်သည်။မိမိစတိုင်ကဒါမျိုးမဟုတ်ပေမဲ့လည်းဘာလို့ ဝင်ပါမိမှန်းကို မသိတော့ပေ။

"သိပါတယ်။အဲ့တာကြောင့်လာတွေ့တာပါ။အစ်ကို ပြောပြလို့လည်းသိခဲ့တာပါ။သူ့ကိုမကြိုက်ပါဘူး စကားပြောရတာတော့သဘောကျပါတယ်။ငါမှာစေ့စပ်ထားသူရှိတာလည်းသိတယ်မလား။ငါကမဖြစ်မနေသူ့ကိုပဲယူမှာပါ။ငါကမွေးချင်းနည်းပြီး နည်းနည်းပေါင်းသင်းဆက်ဆံရေးလည်းညံ့တယ်လေ။အပေါင်းအသင်းလည်းနည်းတယ်။ငါကစကားနည်းပေမဲ့ သူနဲ့ဆို ပွင့်ပွင့်လင်းလင်းစကားပြောလို့ရတယ်။ရယ်လဲရယ်ရတယ်လေ ။"

i love one that is youWhere stories live. Discover now