🍁🍁ep36🍁🍁

107 19 5
                                    

"ဘက်ခဟျွန်း ဂယောင်ဆူး ကျောင်းသားဘဝတုန်းက ဘယ်လိုပုံစံမျိုးလဲ ။သူကရန်ပွဲတွေကိုမရှောင်တတ်ဘဲ ကျောင်းလူဆိုးလေးဆိုတာကိုဖယ်လိုက်ရင် ဘယ်လိုကျောင်းသားမျိုးဖြစ်မလဲ "

လုဟန်၏ မျက်ဝန်းများက ရုတ်တရက်ကြီးပိုမိုတောက်ပလာ၏။မိမိခန့်မှန်းချက်အချို့မှန် ၊မမှန်ကိုမကြာခင်မှာ သိနိုင်‌ တော့မှာဖြစ်ပေသည်။‌ မျှော်လင့်ချက်များစွာဖြင့် ဘက်ခဟျွန်းကို ကြည့်လိုက်မိ၏။







"သေချာပေါက် ရုပ်ချောဥစ္စာပေါကျောင်းမြက်လေးပေါ့ ။ခင်ဗျားသိလား လုဟန် ကျွန်တော်တို့က အထက်တန်းတုန်းကတအားပေါ်ပျူလာဖြစ်ခဲ့တာ။ကျွန်တော်တို့ကပြိုင်ဘက်ကျောင်းတွေကကျောင်းသူတွေကြားပါ ရေပန်းစားခဲ့တာ‌ လေ။ကျွန်တော်တို့အဖွဲ့ကrich kidsတွေကြီးဖြစ်တဲ့အပြင် စာလဲတော်ရုပ်လဲချောကြပြီး ရန်ဖြစ်တဲ့နေရာပါထူးချွန်ကြတာ ။ကျွန်တော်တို့ကိုဆို နာမည်ကြားတာနဲ့ဆရာ၊ဆရာမတွေကပါအစ ရှိန်ကြတာ ။ပြဿနာရှာလွန်းလို့လေ "

ဘက်ခဟျွန်းရယ်ကာပြောလိုက်မိသည်။အတိတ်ကအ‌ ကြောင်းတွေကိုပြန်ပြောပြ‌ နေရင်း မ‌ ရောက်ဖြစ်တာကြာသည့် ကျောင်းတော်ကြီးကိုပါ သတိရမိသွားပေသည်။







လုဟန် စာအုပ်ကြားထဲက အထက်တန်းယူနီဖောင်းဝတ်ထားသည့် ဂယောင်ဆူးပုံလေးကိုထုတ်ကြည့်လိုက်မိသည်။တကယ်ကိုချောမောလွန်းလှပေသည်။

"ဂယောင်ဆူးကို သဘောကျတဲ့သူတွေ အများကြီးရှိခဲ့မှာပဲနော် သူကရုပ်ချောတော့လေ "

ဘက်ခဟျွန်း လုဟန် လက်ထဲက ပုံလေးကိုလှမ်း
ကြည့်လိုက်ပြီး ပုခုံးတွန့်ကာခေါင်းညိတ်ပြမိလိုက်သည်။







"ကျိန်းသေပေါက်ပေါ့ ဂယောင်ဆူးထိုင်ခုံမှာဆို အမြဲလက်ဆောင်တွေအပြည့်ဘဲ ။ဂယောင်ဆူးကကျောင်းကိုသုံးရက်ပဲတတ်တာတောင် သူခုံကအမြဲကောင်မလေးတွေလာထားတဲ့ပစ္စည်းတွေနဲ့ပြည့်နေတာ။ဒါတောင်ဂယောင်ဆူးကအမြဲရုံးခန်းကိုသူ့အိမ်လိုသဘောထားနေတဲ့ကျောင်းလူဆိူးလေး။ ရုပ်လေးကချောပေမဲ့ သူကလူတွေကိုကြည့်ရင် စိုက်ကြည့်တတ်တာ ။တစ်လောကလုံးကိုသူရှာကျွေးထားရတဲ့ရုပ်နဲ့"

i love one that is youΌπου ζουν οι ιστορίες. Ανακάλυψε τώρα