🍁🍁ep 14🍁🍁

168 30 14
                                    

ဂျောင်ဆူးစာရိုက်နေရင်း တစ်ချက်တစ်ချက်
ပတ်ချန်းယောလ်ကိုလှမ်းကြည့်မိလိုက်သည်။ခေါင်းအုံးကိုဖက်ထားကာဆိုဖာပေါ်ထိုင်နေသောပတ်ချန်းယောလ်ကထိုင်လိုက်ထလိုက်နှင့်အလုပ်ရှုပ်နေ၏။
ဂျောင်ဆူးကိုယ်ကိုအညောင်းပြေအကြောဆန့်လိုက်ပြီးခုတင်ပေါ်လှဲချကာမျက်ဝန်းတွေမှေးစက်မိ၏။မွေ့ယာ၏နူးညံမှုကိုလက်ဖြင့်ခပ်ဖွဖွပွတ်သပ်မိ၏။





မိမိ၏အကျီကိုခပ်ဖွဖွလာဆွဲသော လက်၏အထိအ‌ တွေ့ကြောင့်ဂျောင်ဆူးမျက်ဝန်းတို့ကိုဖွင့်လိုက်မိ၏။ပတ်ချန်းယောလ်ကသွားတွေပေါ်သည့်အထိပြုံးပြလာပြီးမိမိဘေး ကပ်ထိုင်လာ၏။

"ဘာကိစ္စလဲ "

ဂျောင်ဆူးရဲ့တိုပြတ်ပြတ်မေးခွန်းကြောင့်
ချန်းယောလ်မိမိလည်ဂုတ်ကိုလက်ဖြင့်ပွတ်သပ်လိုက်ရင်း




"ဆိုဖာကလေ...ငါအရပ်နဲ့တိုနေတယ် ။ခြေထောက်တစ်ဝက်လောက်ကလေထဲရောက်နေတာငါအိပ်ရတာအဆင်မပြေဘူး "

ဂျောင်ဆူးအိပ်နေရာမှထထိုင်လိုက်ပြီးဆိုဖာကိုတစ်ချက်လှမ်းကြည့်မိလိုက်၏။

"အဲ့တော့ ငါကဆိုဖာပေါ်သွားအိပ်ပေးရမယ်ပေါ့။ ယောင်လိုတောင်  စိတ်ကူးထဲထည့်မတွေးနဲ့  ငါကလုံးဝသွားမအိပ်နိုင်ဘူးမင်းမအိပ်နိုင်ရင်အောက်ဆင်းအိပ် အခုငါ့ခုတင်ပေါ်ကနေဆင်းတော့ "

အတင်းမောင်းထုတ်နေသောဒိုဂျောင်ဆူးကြောင့်ပတ်ချန်းယောလ်ပေကပ်ကာတမင်ကိုလှဲနေလိုက်သည်။






"ငါလည်းယောက်ျားမင်းလည်းယောက်ျားကိုအတူအိပ်လည်းရတာပဲ ပြီးတော့အရင်တုန်းကလည်းအတူအိပ်ဖူးတာပဲကိုအခုမှအထူးအဆန်း‌ တွေလာလုပ်မနေနဲ့ ငါလည်းမသွားနိုင်ဘူးခါးနာပါတယ်ဆို "

ဒိုဂျောင်ဆူးချန်းယောလ်ကိုခေါင်းအုံးနဲ့ရိုက်ထုတ်ရင်း

"မင်းကအရမ်းအအိပ်ကြမ်းတာ ငါ့ခုတင်ပေါ်တတ်လာရင်ငါကန်ချမှာ အခုချက်ချင်းဆင်း ယောလ်ငါဆောင့်ကန်မှာနော်"

ချန်းယောလ် ဂျောင်ဆူးရဲ့ခေါင်းအုံးကိုလှမ်းဖမ်းလိုက်ပြီး နားနှစ်ဖက်ကိုအုပ်ထားလိုက်ကာစအိပ်ဖို့ပြင်တုန်းရှိသေးသည်။





i love one that is youHikayelerin yaşadığı yer. Şimdi keşfedin