🍁🍁ep13🍁🍁

147 29 21
                                    


"အရံဟင်းတွေကိုလည်းကြည့်ဦး အေးစက်နေတာပဲ မင်းတို့တမင်လုပ်တာမလား နံနံပင်မပါနဲ့ဆိုတာဒီမှာနံနံပင် တွေ  စိတ်ပျက်ဖို့ကောင်းလိုက်တာ "

ထိုလူကဟင်းခွက်ကိုဆော့င့်ချလိုက်တာမို့ဟင်းရည်တွေဟာ စားပွဲကိုသိမ်းနေတဲ့ဂျောင်ဆူးလက်ပေါ်ဖိတ်ကျလာတော့၏။






"တောင်းပန်ပါတယ်ဗျ ....တောင်းပန်ပါတယ်ပြန်လဲပေးပါမယ် "

ခါးကိုင်ကာတောင်းပန်နေတဲ့ဂျောင်ဆူးရဲ့ကိုယ်ဟာရုတ်တရက်ဆွဲလှည့်ခံလိုက်ရ၏။
ချန်းယောလ်ဂျောင်ဆူးရဲ့နီမြန်းနေတဲ့လက်ကိုဆွဲယူကြည့်ကာအရှေ့ကလူကိုစိုက်ကြည့်လိုက်၏။





"ခင်‌ဗျား မကျေနပ်ရင် ‌ဆိုင်ရှင်နဲ့ရှင်းလို့ရတယ်။ကောင်တာကမန်နေဂျာကိုပြောလို့ရတယ်။ ဒီကဝန်ထမ်းတွေကခင်ဗျားရစ်သမျှဖြေရှင်းပေးဖို့ငှားထားတာမဟုတ်ဘူး "

ထိုလူကတစ်ချက်ရယ်လိုက်ပြီးချန်းယောလ်တို့ကိုအရှေ့ကရေခွက်ထဲကရေနဲ့ကောက်ပေါက်ပက်၏။ရုတ်ချည်းမို့ဂျောင်ဆူးရှောင်ဖို့လုပ်နေဆဲမှာပင် ချန်းယောလ်ကဂျောင်ဆူးကိုယ့်ကိုဆွဲလှည့်ကာသူကိုယ်နှင့်ကွယ်လိုက်သည်မို့ ရေတွေကချန်းယောလ်ကျောပြင်ပေါ်သာစိုသွားတော့၏။ဂျောင်ဆူးချန်းယောလ်ရင်ခွင်ထဲရောက်နေသည်မို့အမြန်ရုန်းထွက်လိုက်ရ၏။







"မင်းတို့လို အလုပ်သမားအဆင့်ကများရာရာစစ စားသုံးသူတွေကိုဒီလိုမျိုးဆက်ဆံရဲတယ် ဆိုင်ရှင် ဒီမှာခင်ဗျားအလုပ်သမားတွေလုပ်ပုံကိုလာကြည့်ပါဦး ။အားလုံးပဲကြည့်ကြပါ ဒီဆိုင်မှာလာစားတာမကောင်းလို့ပြန်ပြင်ပေးဖို့ပြောတာ ရန်တွေခံရတယ်ဗျကြည့်ကြပါ။အဆင့်အတန်းမရှိချက်ကတော့"

စားနေတဲ့ဝိုင်းတွေကလူတွေပါဝိုင်းကြည့်လာသည့်မို့ဂျောင်ဆူးချန်းယောလ်ကိုထွက်သွားဖို့ပြောရတော့၏။ချန်းယောလ်လက်ကအကြောတွေထင်းထွက်လာသည့်အထိလက်ကိုတင်းကြပ်စွာဆုပ်ထားမိ၏။






"ယောလ် မင်းဒါမျိုးလုပ်လို့မရဘူး ပြန်တော့ ငါဆက်ရှင်းလိုက်မယ် သွားတော့လို့ "

i love one that is youWhere stories live. Discover now