🍁🍁ep6🍁🍁

201 38 13
                                    

ဂျင်းဝူရဲ့ကိစ္စက တော်တော်လေးထိရောက်မှုရှိသွားကာ ချန်းယောလ်ရဲ့အရင်လိုသာယာသောနေ့ရက်များကပြန်လည်ရောက်ရှိလာခဲ့လေသည်။သိပ္ပံခန်းတွင် လက်တွေ့သင်ခန်းစာအပြီးကျောင်းသား/ကျောင်းသူများ၏ငြီးငြူသံများကတရစပ်ထွက်လာလေသည်။စာတမ်းကိစ္စကြောင့်ဆိုပြီးပြန်ရောက်နေသော အစ်ကိုရိဖန်က‌ လက်တွေ့သင်ခန်းစာအချိန်များတွင် ကူညီသင်ကြားပေးလေ့ရှိသည်။




ညီအစ်ကိုတွေဖြစ်ကြသည်ဟူ၍အစ်ကိုရိဖန်သာ ဖွင့်မပြောခဲ့လျင် ဂျောင်ဆူးနှင့်အကိုရဲ့ပတ်သတ်မှုကိုသူစိမ်းတွေဟူသာ ချန်းယောလ်ထင်မှတ်မိမည်ဖြစ်၏။တိကျသေသပ်သောအကိုကချန်းယောလ်အား ကျန်တဲ့ကိစ္စတွေဆိုလျင် အလျော့ပေးတတ်ပေမဲ့ စာနှင့်ပတ်သတ်လာလျင်တော့ ကြပ်မတ်လွန်းအားကြီးပေသည်။




ချန်းယောလ် သက်ပြင်းကိုချမိလိုက်ပြီးကိုယ်ကိုအညောင်းပြေကျောဆန့်ကာကိုယ်လက်လှုပ်ရှားမှုပြုလုပ်လိုက်ရ၏။ပင်ပန်းလိုက်တာဟုငြီးငြူမိလိုက်၏။မကြာခင်အချိန်တွင်း အားကစားချိန်မို့
ချန်းယောလ်တို့အဖွဲ့သက်သာသွားခြင်းဖြစ်၏။



အားကစားနည်းပြနဲ့စကားပြောနေသောအစ်ကိုရိဖန်ကဝင်လာသော ကျောင်းသားများကိုတစ်ချက်ကြည့်ကာတစ်ခုခုကိုလိုက်လံရှာဖွေနေသည့်နှယ် ။
ချန်းယောလ်လော့ကာခန်းကိုဖွင့်လိုက်ချိန်မှာတော့
အားဖြည့်အချိုရည်ဘူးကိုတွေ့လိုက်ရ၏။ရေစက်လေးတွေပင်စီးကျနေသေး၏။ချန်းယောလ်ဘေးဘီကြည့်လိုက်မိသော်လည်း ဘယ်သူမှမရှိပေ။ရေဆေးပန်းချီကားအတွက်လိုအပ်သောစုတ်တံနှင့်ဆေးတွေကို ချန်းယောလ်ဝယ်ဖို့စဉ်းစားနေမိဆဲပင်ရှိသေးသော်လည်း အခုကဖြင့်မိမိလော့ကာခန်းထဲရောက်ရှိနေလေ၏။




ဝိုင်းစက်နေသောလက်ရေးတွေကလှပနေလေ၏။ဘယ်သူဆီကမှန်းမသိရသော ဒီပစ္စည်းတွေကချန်းယောလ်စိတ်ကိုရှုပ်လာစေ၏။

အာ့

ရုတ်တရက်ရောက်ရှိလာသောခေါင်းထက်ကနာကျင်မှုကြောင့် ချန်းယောလ် အနောက်ကိုပြန်လည်လှည့်ကြည့်လိုက်မိ၏။ခေါင်းကပူထူသွားကာ ချန်းယောလ်လိမ့်ကျသွားသောဘောလုံးကိုပြန်ကောက်ကာ ထိုသူရဲ့ရင်ဘက်တည့်တည့်ကိုပြန်ပေါက်လိုက်သည်။
ဒိုဂျောင်ဆူးရဲ့လျင်မြန်သောလက်တွေကချန်းရဲ့အနွေးထည်ကိုဆောင့်ဆွဲလာ၏။



i love one that is youजहाँ कहानियाँ रहती हैं। अभी खोजें