🍁🍁ep 15🍁🍁(မေးခွန်း[၂])

140 25 2
                                    

ဂျောင်ဆူးအတိတ်ကကိစ္စများကိုပြန်ပြောပြနေရပေမဲ့အတွေးအာရုံတို့ကအတိတ်ကနေ့စွဲ့များကိုမှတ်မှတ်ထင်ထင် ကွက်ကွက်ကွင်းကွင်းပုံဖော်နေ၏။
လုဟန်သက်ပြင်းတစ်ချက်ခိုးချမိ၏။



"အမှန်ကလေ နာယောင်းလိုမျိုးအဖြစ်မျိုးကတော်တော်များများကြုံဖူးကြတယ်။ကျွန်တော်ကိုယ်တိုင်ရေးခဲ့ဖူးတဲ့တစ်သက်စာအလွမ်းထဲကဇာတ်ကောင်မိန်းကလေးဆိုလည်း ချစ်သူကိုလိုက်လျော့ခဲ့ပေမဲ့နောက်ဆုံးမှာအဲဒီလူကတစ်ခြားတစ်ယောက်ကိုလက်ထပ်သွားတယ်။ဖြစ်ရပ်မှန်ကိုရေးခဲ့တာမို့ တော်တော်လေးပွက်လောရိုက်ခဲ့သေးတယ် "

ဂျောင်ဆူးကိုယ်တိုင်လည်းဖတ်ခဲ့ဖူးတာမို့ ခေါင်းညိတ်ကာထောက်ခံမိလိုက်သည်။








"ကျွန်တော်ကတော့ ခန္ဓာကိုယ်ပေးမှကိုယ့်အချစ်ကိုယုံမယ်ဆိုရင် လူပြောင်းပြီးရတဲ့လူကိုပဲယူခိုင်းလိုက်တော့မယ်။ဘာလို့လဲဆို ကျွန်တော်တို့ယောက်ျားလေးတွေ လက်သုံးစကားရှိတယ်လေ ကိုယ်ချစ်လွန်းလို့စိတ်မထိန်းနိုင်တော့တာပါ ဆိုတာလေ တကယ်ကချစ်တယ်ဆိုရင် ပိုပြီးတန်ဖိုးထားရမှာပေါ့ တစ်ချို့ဆိုဗီဒီယိုတွေခိုးရိုက်ထားပြီးပြန်ခြိမ်းခြောက်တဲ့လူမျိုးတွေတောင်ရှိတယ်။သူငယ်ချင်းတွေကိုအာပေါင်ရင်းသန်သန်ပြန်ကြွားတဲ့သူတွေတောင်ရှိတယ်။အဲ့လိုလူမျိုးတွေကတော့တကယ်ကိုနှမချင်းစာနာမှုမရှိတာပဲ။ "

ဂျောင်ဆူးစကားကမှန်နေတာမို့လုဟန်ပြုံးမိလိုက်၏။






"အခုခေတ်ကြီးကအဲ့လိုကိုယ်ရည်းစားကသူများရည်းစားဖြစ်သွားတာမျိုးပို‌ဖြစ်လာတယ်။ဂျောင်ဆူးရော ဇန်းရဲ့နောက်ကောင်မလေးကိုအမြင်မကြည်တာမျိုးဖြစ်ခဲ့သေးလား။နာယောင်းကသူငယ်ချင်းအရင်းကြီးဆိုတော့ "

ဂျောင်ဆူးလက်ဖက်ရည်ကိုယူသောက်လိုက်ရင်း

"မဖြစ်ခဲ့ပါဘူးဘာလို့ဆို ကျွန်တော်သူငယ်ချင်းကအဲ့ကောင်ရဲ့ဆိုးတဲ့ဒဏ်ကိုတောက်လျောက်ခံနေရတာလေ သူနဲ့ကြိုက်သွားတော့ နာယောင်းအသေအလဲခံစားခဲ့ရပေမဲ့ တစ်ဖက်ကကြည့်ရင်ဝဍ်ကြွေးကုန်သွားတာပါ။အဲ့ကောင်မလေးကငွေလဲမက်ပြီးရည်းစားလဲများပါတယ်။ဇန်းကသူပြောတာပဲယုံပြီးသူ့ကိုတအားချစ်တဲ့နာယောင်းကိုပစ်သွားတာလေ။ပစ်ပစ်ခါခါလုပ်ခဲ့တာ။ဇန်းနဲ့တွဲနေပေမဲ့လည်းအဲ့ကောင်မလေးကသူ့ချစ်သူနဲ့ဆက်တွဲနေတုန်းပဲ။ခြေရှုပ်ကြသူချင်းတွဲမိသွားတာဆိုတော့ ဒီအတိုင်းပွဲတစ်ပွဲကြည့်လိုက်ရသလိုပါပဲ။"


i love one that is youWhere stories live. Discover now