Love Piano🌸Ep.46

Start from the beginning
                                    

မျက်လုံး မှိတ်ထားခြင်းကို မဖွင့်ပဲ ကုန်းကုန်း၏ စကားကို "အင်း" တစ်လုံးသာ တုန့်ပြန်လေသည်...

အထိန်းတော်ကြီးဟာ မင်းကြီးဆီကအမိန့်ရသည်နဲ့ ကောင်လေး ငါးယောက်နဲ့ ကောင်မလေး လေးယောက်အား ခေါ်ကာ ခန်းမထဲ ဝင်လာလေသည်...

"မင်းကြီးအား ဂါဝါရပြုပါတယ်...

အထိန်းတော်ကြီးနဲ့ ကျန် ကလေးများကသာ မင်းကြီးအား ဂါဝါရပြုပေမယ့် နောက်ဆုံးမှာ ရပ်နေတဲ့ ရှောင်းကျန့်ကတော့ တစ်ခါမှမမြင်ဘူးတဲ့ ခန်းမကြီးထဲက အရာတွေကို မျက်တောင်မခက်တန်း လိုက်လံ ကြည့်နေလေသည်...

"မင်းကြီး ...ဒီကလေးတွေက မင်းကြီးအတွက် အစေခံလေးတွေပါ အများကြီးထဲကမှ ကျွန်တော်မျိုးမက အကောင်းဆုံး ကလေးတွေကို ရွေးချယ်လာပါတယ်..

"အင်း..

မင်းကြီးဟာ နားထင်ကို လက်နဲ့ ဖိထားရာက မလှုပ် အထိန်းတော်၏ စကားကို "အင်း" တစ်လုံးနဲ့သာ တုန့်ပြန်သည်..

"ဘုတ် အ့ အင့်

ထိုအသံဟာ တစ်ဆက်ထဲ ထွက်ပေါ်လာသည်သာ ဖြစ်သည်...

ရှောင်းကျန့်ဟာ သူမမြင်ဖူးတဲ့အရာတွေကို လည်ပြန်ကြည့်နေတာမို့ ဖင်ထိုင်ရက် လည်းကျသွားသည်...

မင်းကြီးရှေ့မှာ မစင်မကျင် လုပ်ရဲတဲ့ အစေခံကြောင့် ကုန်းကုန်းများမှာမှု ထိပ်ထိပ်လန့်လန့်ပါပင်...

အားလုံးဟာ ခေါင်းမဖော်တန်း.. ခါးကိုညွှန့် ဦးကို ငုံထားကျသော်လည်း ကောင်လေး တစ်ယောက်ကတော့ နာသွားတဲ့ တင်ပါးလေးကို ပွက်ကာ နာသွားဟန် ရှိတဲ့ သူ့လက်လေးက်ုသာ တဖူးဖူးမှုတ်ရင်း ...ခန်းမကြီးထဲ သူတစ်ယောက်ထဲ ရှိနေသည့်အလားပါပင်...

စိတ်အလိုမကျစရာ အသံကြောင့် မှိတ်ထားတဲ့ မျက်ဝန်း တွေကို ဖွင့်ကြည့်လိုက်တော့ ဒူးထောက်ကာ ကြမ်းပြင်နဲ့ဦးခေါင်း တစ်သားတည်း ကျနေသည့်အလား ကြောက်ရွံ့ နေကျတဲ့ လူတစ်ချို့..ထိုအထဲကမှ ထူးဆန်း တာလေးကို မြင်လိုက်ရသည် ထိုအရာကတော့ မင်းကြီးဖြစ်တဲ့  သူ့ကိုပင် အလေးမထားနိုင်ပဲ နာသွားဟန်ရှိတဲ့ သူ့လက်သူသာ ဂရုစိုက်နေတဲ့ ကောင်လေးတစ်ယောက်..

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now