Love Piano🌸Ep.45

Start from the beginning
                                    

တကယ်တော့သူကသာ ရှောင်ပိုင်အတွက် ကံဆိုးမှုတွေရပေးခဲ့သည်သာ ဖြစ်သည်...

ရှောင်ပိုင်သာ နန်းတော်ကို ရောက်မလာခဲ့ရင် သူသာ ရှောင်ပိုင်ကို မချစ်မိခဲ့ရင်...သူက ရှောင်ပိုင်ကို ရှောင်းအိမ်တော်ထံ ပြန်လည်ပို့ဆောင်နိုင်ခဲ့ရင် ... အမှားတွေ အများကြီးရှိတဲ့ သူဟာ သူသာပင်ဖြစ်သည်

နန်းတော် ကိုစရောက်တဲ့နောမှာပဲ ...အဲ့ဒီကောင်လေးကို လူသူမရှိတဲ့နေရာမှာ နှစ်ချီသည်အထိ ထားခဲ့တယ်...

သူ၏ မစင်မကျင် အပြုအမူ တွေကြောင့် အနောက်ဆောင်က မောင်းမတွေ လက်ထဲမှာ ... အနိုင်ကျင့်ခံခဲ့ရတယ်

သူရဲ့ အတ္တစိတ်တစ်ခုကြောင့် ရှောင်ပိုင်ကို သူ့အနားမှာထားခဲ့တယ်...ဒါတွေကြောင့်ပဲ နောက်ဆက်တွဲ ပြသနာတွေဖြစ်ပေါ်လာခဲ့တယ်..

သေသင့်တဲ့သူက တကယ်ကို သူကိုယ်တိုင်ဖြစ်နေခဲ့တယ်..

သူ့အတွက်ဆိုရင် ကြောက်ရွံ့ခြင်းမရှိ အရှေ့ကနေ ကာကွယ်ပေးတတ်သည့်ကောင်လေး..

ကိုယ်ကို့ ကိုယ်တောင်မကာကွယ်နိုင်တဲ့ ထိုကောင်လေးက သူ့ကို ကာကွယ်ပေးခဲ့တယ်..

"ဖြန်းးး ဖြန်းးး ဖြန်းးး

"ယွဲ့ရိ ယွဲ့ရိ မင်း ဒါဘာလုပ်တာလည်း...

ရိပေါ်ဟာ စိတ်ထဲက အတွေးတွေကြောင့် သူ့ကိုသူအပြစ်တင်လို့မဆုံးပဲ ...သူ့ပါးသူ အချက်ပေါင်းများစွာ ရိုတ်နေမိသည်

"ရှောင်ပိုင် မင်းက နာမည်လေးနဲ့ လိုက်အောင် တကယ်ကိုဖြူစင်လွန်းတယ် ...ငါ့လိုကောင်ကို မင်းဘာကြောင့် ခင်တွယ်ခဲ့တာလည်း ...မင်းအတွက်ဆိုပြီး ဘာမှမလုပ်ပေးခဲ့တဲ့ ငါ့လိုကောင်ကို မုန်းသွားသင့်တာ

(ရှောင်ပိုင် ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပာယ်လေးက အဖြူရောင်လေး ဖြူစင်ခြင်း အပြစ်ကင်းတဲ့ သဘောလေးပါ)

"မင်းကိုမင်း အပြစ်တင်လို့ ပြီးမှာလား...တစ်ချို့အရာတွေက မင်းဟိုအရင်အတိတ်ကိုပြန်သွားပြီး ပြုပြင်ရင်တောင် တားစီးနိုင်မှာ မဟုတ်ဘူး.. အဲ့ဒါမင်းသိလား

လူစိတ်လေး ဝင်စမ်းပါ...တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မင်းတစ်ပါးဖြစ်ပြီး ဒီလိုပဲ မင်းးတစ်သက်တာလုံး နေသွားတော့မှာလား မင်းနောက်မှာ လူအသက်ပေါင်းများစွာ ရှိတယ်ဆိုတာ မြဲမြဲ မှတ်ထား..

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now