ယဲ့ရှောင်ဟန် နာကျင်ခံစားခဲ့ရသည်။ ထိုကြောင့်လည်း ခြူးမုယွင်မှာ ပို၍ရင်နာလာမိတော့သည်။

ယဲ့ရှောင်ဟန်သည် သူကိုယ်တိုင်က နာကျင်ခံစားဖူး၍ စိတ်ဓာတ်ကျနေသော ခြူးမုယွင်ကို မြင်သောအခါ အဘယ်သို့ လွှတ်ထားနိုင်မည်နည်း။

ယဲ့ကျန့်ဟန်မှာ စကားတစ်ခွန်းပင် ဝင်မပြောနိုင်တော့ချေ။

ခြူးမုယွင် သရုပ်ဆောင်နေတာပါလို့ သူပြောလာတော့ရော… ဟီးဟီး ဘယ်သူယုံမှာတဲ့လဲ..?

ခြူးမုယွင်က သူ့ကို ရန်စနေတာပါလို့ ပြောလာရင်ရော.. ဘာအတွက် ရန်စရမှာလဲ..?

မနက်က ခြူးမုယွင် တမင်ရှေ့ဆက်တိုးခဲ့တာလို့ ပြောလာရင်ရော.. Well…. သူက အဲ့စကားပြောဖို့ မထိုက်တန်ဆုံးလူပဲလေ..!

ခြူးမုယွင်၏ တွက်ချက်မှုတိုင်းသည် အလွန်ပြောင်မြောက်ပေ၏။ အနည်းငယ်မျှ ပြစ်ချက်မရှိ။ ထိုအမျိုးသား စိတ်ပိုင်းဖြတ်ထားသရွေ့ မလုပ်နိုင်သည့်အရာ မရှိတော့သယောင် မှတ်ထင်ရသည်။

သေချာတာပေါ့၊ ယဲ့ကျန့်ဟန် မတုံ့ပြန်နိုင်ခင် သူက သနားချင့်စဖွယ်ကောင်းအောင် သရုပ်ဆောင်နေတော့သည်။

သို့သော် ဤတစ်ခေါက် ခြူးမုယွင် ခြေလှမ်းတစ်ချက် မှားသွားချေပြီ။ ယဲ့ကျန့်ဟန်က အလွန်အရေးကြီးသည့် တစ်စုံတစ်ရာကို ဖမ်းဆုပ်နိုင်လိုက်သည်။

ဥပမာဆိုရလျှင်…

ခြူးမုယွင်က တစ်သက်လုံး အတူရှိနေပါမည်ဟူသော ရယ်စရာကောင်းသည့် ‘ကတိတစ်ခု’ကို လိုအပ်နေခြင်း။

ဘာကြောင့်လဲ..? သူက ‘စုဆောင်းရတာ’ကို ကြိုက်နှစ်သက်တာကြောင့်လား..?

ယဲ့ကျန့်ဟန်က ထိုသို့မထင်ပေ။ အနှီလုပ်ရပ်များအောက်မှ ဖုံးကွယ်အပ်သော အမှန်တရားကို သိချင်လာခဲ့သည်။

ထင်သည့်အတိုင်းပင်၊ ခြူးမုယွင် စိတ်ပိုင်းဖြတ်လိုက်ချိန်တွင် သူ ယဲ့ရှောင်ဟန်ကို မတားနိုင်တော့ချေ။

ကောင်လေး၏ မျက်ဝန်းအိမ်ထဲတွင် နာကျင်မှုများ ပြည့်လျှံလာခဲ့၏။ သို့သော် သူက အရက်မူးနေသော ခြူးမုယွင်ကို ပိုပြီးဝမ်းနည်းအောင် မလုပ်ချင်ခဲ့ပေ။ တစ်ဖက်လူက သူ့ကို ‘ကျွင်းမော့’ဟု အထင်မှားနေသဖြင့် သူလည်း ‘ကျွင်းမော့’ ဖြစ်ပေးလိုက်တော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now