ယဲ့ရှောင်ဟန်၏ စိတ်ထဲတွင် အဖြူရောင်အလင်းတန်းများ ဖုံးလွှမ်းသွားသလို၊ ဘာမှမမြင်နိုင်တော့ဘဲ စိတ်လွတ်ကိုယ်လွတ် လှုပ်ရှားလိုက်တော့၏။ ရက်ပေါင်းများစွာ မြိုသိပ်အောင့်အည်းခဲ့သမျှ စိတ်ဆန္ဒတစ်ခုသာ သူ၏အတွေးထဲ ကျန်ရစ်ခဲ့တော့သည်။

မွန်းလွဲချိန်မတိုင်ခင်အထိ ယဲ့ရှောင်ဟန်တစ်ယောက် အသိစိတ်ပြန်မကပ်ခဲ့ပေ။

ခြူးမုယွင်က ဘာမှမပြောဘဲ အိပ်ရာပေါ်မှဆင်းကာ ရေချိုးခန်းထဲ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။

ယဲ့ရှောင်ဟန်ခမျာ သိသိသာသာကို စိုးကြောက်နေရှာသည်။ စကားပြောချင်သော်လည်း လည်ချောင်းတစ်ခုလုံး ဆို့နင့်နေပြီး ဘာမှပြောမထွက်ခဲ့ပေ။

ခြူးမုယွင်၏ အမူအရာက အတော်လေး စိတ်ဓာတ်ကျနေဟန်၊ လျော့တိလျော့ရဲ ဝတ်စားပြီးသည်အထိ စကားတစ်ခွန်းမျှ မပြောခဲ့ချေ။

ယဲ့ရှောင်ဟန်မှာ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ခပ်တိုးတိုး ပြောလာသည်။ : “ဟုတ်တယ်.. ကျွန်တော့်အပြစ်ပါ..”

ခြူးမုယွင်က မျက်လုံးမှိတ်ကာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီး‌နောက်.. : “တစ်ယောက်တည်း နေချင်တယ်..”

ယဲ့ရှောင်ဟန်၏ မျက်ဝန်းထဲတွင် စိတ်ပျက်ဝမ်းနည်းခြင်းများ ပြည့်လျှံလာတော့သည်။ သူက ခေါင်းငုံ့လိုက်ကာ.. : “ကျွန်တော် အပြင်မှာရှိနေမယ်.. တစ်ခုခုဆို လှမ်းခေါ်လိုက်နော်..”

ခြူးမုယွင်က ပြန်ဖြေဖို့နေနေသာသာ၊ သူ့အား မော့ပင်မကြည့်ခဲ့ပေ။

ထိုအခြင်းအရာကိုကြည့်ရင်း လူငယ်လေး၏ နှလုံးအိမ်ထဲတွင် သံဆူးချောင်းများ ပြည့်နှက်သွားရသည်။ စူးနင့်လွန်းသော နာကျင်မှုကား တောင့်မခံနိုင်လောက်အောင်ပင်။

သူ တောင်းပန်စကားပင် မပြောနိုင်တော့ချေ။ တစ်ဖက်လူ၏ အားနည်းချက်ကို တစ်ခါတည်းမဟုတ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်အထိ အခွင့်ကောင်းယူခဲ့မိသည်။ သူ့တွင် အကျင့်သိက္ခာဟူ၍ လုံးဝမရှိတော့ပြီ။

‘အားမု’ သူ့ကို ခွင့်လွှတ်မှာမဟုတ်သလို သူသည်လည်း ‘အားမု’၏ ခွင့်လွှတ်မှုနှင့် လုံးဝမထိုက်တန်တော့ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now