Love Piano🌸Ep.36

En başından başla
                                    

လုန်သယ်ဟာ ရုပ်ရည်ချောမောတဲ့ဘက်မှာပါတယ်... မျက်ခုံးကခပ်ထူထူလေးရှိပြီး အသားအရေဟာ အညိုရောင်ဘက်ပါပေမယ့် ထိုအသားအရေကြောင့်ပဲ မိန်းကလေးတွေက စွဲလန်းကျသည်..အပြုံးအရယ်နည်းပါးပေမယ့် တစ်ခါ ပြုံးရယ်လိုက်ရင် လှပတဲ့ ပါးချိုင့် လေးတွေ ရှိသည်...

လုန်သယ်ဟာ စကားတွေပြောနေရင်း ငိုချလာသည်... စစ်သားတွေကိုသာ တိုက်ရန်ခိုက်ရန်သင်ပြတတ်တဲ့ ဟန်မင်က ဒီလိုငိုနေတဲ့ လူကို ချော့တတ်မည်တဲ့လား...

"မငိုနဲ့တော့ ငါ ငါတကယ်မချော့တတ်ဘူး..

ဟန်မင်မှာ ကလေးလိုထငိုတဲ့ လုန်သယ်ကြောင့် ချေမကိုင်မိလင်မကိုင်မိနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းကို မသိတော့ပါ..

"ကျွန်တော်လည်း အချစ်ခံချင်တယ်..ကျွန်တော်လဲ သူတို့လို ချစ်တဲ့သူနဲ့ လျှောက်လည်ချင်တယ် ...

"မင်း ကို ဘယ်သူမှမချစ်လည်း ငါ ငါ မင်းကို ချစ်ပေးမှာပေါ့

"ဟင် စစ်သူကြီး တကယ်ပြောတာလား

ဟန်မင်လဲ ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိတာနဲ့ စိတ်ထဲ ပေါ်လာတာကိုသာ ပြောလိုက်မိသည်...ဒါကို ကြားသွားတဲ့ လုန်သယ်က ရီဝေဝေ မျက်ဝန်းလေးနဲ့ ဟန်မင်ကို ကြည့်လာသည်....

တစ်ဖက်တွင်

ဝိုင်းစက်နေတဲ့ လမင်းကြီးဟာ လင်းထိန်နေအောင် သာနေပါသည်... ထိုလမင်းကြီး၏ ဘေးတွင် သေးငယ်တဲ့ ကြယ်လေးတွေ ရှိနေသည်..

ထိုလှပတဲ့ မြင်ကွင်းလေးကိုတော့ ခေါင်းပေါ်က လူနှစ်ယောက်က ပြုံး၍ကြည့်နေသည်..ထိုလူနှစ်ယောက်ကတော့ ရိပေါ်နဲ့ ရှောင်ပိုင်သာ ဖြစ်သည်...

ဒဏ်ရာရထားတဲ့ ကြင်ယာတော်ကို အနားယူရန်ပြောပါသော်လည်း ကြင်ယာတော်ဟာ သူနဲ့အတူ ကောင်းကင်ကြီးကို ကြည့်ချင်ကြောင်း တောင်းဆိုလာသည်...ကြင်ယာတော် တောင်းတိုမှုကို မငြင်းဆန်နိုင်တဲ့ ရိပေါ်ဟာ ကြင်ယာတော်နဲ့အတူ ကောင်းကင်ကြီးကို ကြည့်နေသည်...

ညအချိန်ဟာ လေအေးလေးတွေ တိုက်ခတ်တာမို့ ...နုနယ်တဲ့ ရှောင်ပိုင်လေးကို ရိပေါ်ဟာ သူ့ရင်ခွင်ထဲ ထည့်ကာ ဖက်ထားပေးသည်... အေးစက်စက်ရှိတဲ့ လက်ဖဝါးလေးတွေကို သူ့ရဲ့နွေးထွေးတဲ့ လက်ထဲကို ထည့်ကာ အနွေးဓာက်ပေးထားသည်...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Hikayelerin yaşadığı yer. Şimdi keşfedin