ရင်ခုန်ခြင်း၏ အဓိပ်ပါယျ
or
ဦးရဲ့.... ချာတိတ်အခန်း (၃၇) ဇာတ်သိမ်း။
." ညစာ စားပြီးပြီဆို "
" ကိုယ့်ကိုတောင် မစောင့်ဘူး ချာတိတ် က... "
" ဝမ်းချင်းဆက်နေလို့လား... စောင့်ရအောင် "
" အဟင်း "
သူမစကားကြောင့် တိုက်,ပြုံးလိုက်မိသည်။
" ဝမ်းချင်းတော့ မဆက်နေပါဘူး။ကိုယ်က မင်းနဲ့အတူ စားချင်လို့ "
" စားလို့ စားနှင့်လိုက်တာ။အတူစားချင်ရင် နောက်တစ်ခါ စောင့်ပေးမယ် "
" အင်း... ကိုယ် ရေချိုးတော့မယ် "
" ချိုးပေါ့ "
" ကိုယ့်အတွက် အဝတ်စားထုတ်ထားပေးပါလား "
" ဦးလေးကြီး လက်မပါဘူးလား "
" ဟင်... "
" တခေတ် ကို အဝတ်စား ထုတ်ခိုင်းနေလို့....
ဦးလေးကြီးမှာ လက်မပါဘူးလားလို့ မေးနေတာ "ကုတင်ပေါ်မှာ ခြေနှစ်ချောင်း တွဲလောင်းချပြီး
ဖုန်းကြည့်နေတဲ့ သူမက ဂျစ်တစ်တစ်လေးပြောလာတော့... တိုက်,၏ နူတ်ခမ်းတစ်ဖက်က တွန့်သွားရ၏။" ကိုယ့်မှာ လက်ပါတာပေါ့။ဒါပေမဲ့ မင်းရဲ့ ဂရုစိုက်မူ့လေးကို ခံယူချင်လို့လေ။ကိုယ့်ကို ဂရုစိုက်ပေးမယ်မလား... "
" အမေ့! ဘာလုပ်တာလဲ "
ထိုင်နေတဲ့ တခေတ်,ရှေ့မှာ သူက လက်နှစ်ဖက်ကိုခွထောက်ပြီး၊မျက်နှာနှစ်ခုကိုပါ အလွန်နီးကပ်အောင်
လုပ်လိုက်တာကြောင့်... တခေတ်,မှာ လန့်သွားရသည်။တိုက်, ကိုယ့်ကို ကြောက်နေတဲ့ ပုံရတဲ့ သူမကြောင့် ပြုံးမိသွား၏။
" ဘာ ဘာလို့ အနားတိုးလာတာလဲ လို့... "
" မင်းဆီက အင်းဆိုတဲ့ အဖြေစကား ကြားချင်လို့
ပေါ့။ကိုယ့်ကို ဂရုစိုက်မယ်မလား "မျက်နှာရော ခန္ဓာကိုယ်ရော အလွန်နီးကပ်လာတဲ့
အခါ... တခေတ် ကိုယ်လေးကို နောက်သို့ ကျုံ့လိုက်ပြီး...
YOU ARE READING
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Completed
Romanceစည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် ဒါလေးကို အစားထိုးပြန်ရေးနေတာပါ။