ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 13

901 40 1
                                    

                   ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၁၃)

.

.

" ဟိုလူရော ဒယ်ဒီ "

" သားယံ လား... ပြန်သွားပြီလေ "

" ဘာ! ပြန်သွားပြီ၊ အဲ့လူ က ဘာကိစ္စနဲ့ အစောကြီး ပြန်ရတာလဲ... "

" ဆက်,မင်းကလေ အိပ်ရာနိုးတာနဲ့ ပူပူညံညံလုပ်ပြီ၊အလုပ်ရှိတဲ့ ယံ,က အစောကြီး မပြန်လို့ ဘယ်အချိန်ပြန်ရမလဲ။ပြီးတော့ မင်း ထတဲ့ အချိန်ကို ကြည့်အုံး။နေက ဖင်ထိုးလို့ သကြားမင်းတောင်
နေ့လည်စာ သုံးဆောင်နေလောက်ပြီ "

ဦးလေး ကို အိမ်ပြန်ပို့ ဆေးရုံရောက်လာတဲ့ သီဟသည် လူနာစောင့်ကုတင်ပေါ်က အိပ်ရာနိုးတာနဲ့...
တစ်ခုမဟုတ် တစ်ခု ပြဿနာရှာတတ်သည့် ညီငယ် ကို ခပ်ရွတ်ရွတ် ပြောပစ်လိုက်သည်။

" သကြားမင်း က သကြားမင်း၊ကျွန်တော် က ကျွန်တော် မဆိုင်တာကို လာပြောမနေနဲ့။ဆေးရုံစောင့်တယ်ဆိုရင်လည်း၊လူနာ ဆေးရုံဆင်းတဲ့
အထိစောင့်ပေးလေ။အခုတော့ လူနာလာစောင့်ပေးတယ်ဆိုတဲ့ စကားအပြောခံရအောင်၊ ပြီးစလွယ် လာစောင့်သွားတယ်။အလကားလူ စေတနာပါတာ အသိသာကြီး "

" သားယံ ကို ဒယ်ဒီ က ပြန်ခိုင်းလိုက်တာပါ။ဆေးရုံမှာ သားလည်းရှိနေတာရော၊သီဟလည်း
လာမှာမို့လို့ရော ပြန်ခိုင်းလိုက်တာ။အခု သားနိုးပြီဆိုတော့... ဒယ်ဒီတို့ ဆေးရုံဆင်းဖို့ လုပ်ရအောင် "

" ကျွန်တော် နိုးတာကို မစောင့်ဘဲ ပြန်သွားတာကို
မကျေနပ်ဘူး။အဲ့လူနဲ့ စာရင်းကို ရှင်းရမှ ကျေနပ်မယ် "

စကားနဲ့တင်မဟုတ် ဆက်,စိတ်ထဲမှာလည်း တကယ်ကို မကျေမနပ် ဖြစ်နေတာပါ။ဘာကို မကျေနပ်သလိုဆိုတော့... အိပ်ရာနိုးရင် မြင်ရမှာပါ
လို့ ထင်ထားတဲ့ မျက်နှားလေးကို မတွေ့ရတော့လို့ပါ။

" ဟုတ်ပါပြီ ရှင်းပါ။အခုတော့ အိမ်ပြန်ဖို့ အရင်လုပ်ရအောင် ဆက် "

သီဟ ပြောတော့...

" ကျွန်တော် အဲ့လူနဲ့ လက်ထပ်မယ်။ဒယ်ဒီ
နက်ဖြန်ဖြစ်ဖြစ် လက်ထပ်ပွဲ စီစဥ်ပေး "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now