Part 28

985 39 2
                                    

               ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၂၈)
.

" ရောက်လာပြီလား... အလိမ်ညဏ်ဆင် ဆရာကြီး "

" အဘိုးကလည်း ကျွန်တော််က အားလုံးပျော်ရဖို့
အတွက် လုပ်တာလေ ဗျာ... "

" အားလုံးပျော်ရဖို့ မင်းအဘိုး ငါက ဘာမှမဖြစ်ဘဲနဲ့ ဆေးရုံမှာ နေနေရတာလေ။နေရတာ၊အိပ်ရ တာလည်း ငါ့အိပ်ခန်း၊ငါ့အိမ်လောက် သက်သောင့်သက်သာ မရှိဘူးကွ "

" အကြာကြီး မနေရအောင် ကျွန်တော် လုပ်ပေးပါမယ် အဘိုးရာ... "

" မင်း လုပ်ပေးမှာက ဘယ်လောက်ကြာမှာလဲ။ဘာမှမဖြစ်ဘဲနဲ့ ဆေးရုံအခန်းထဲမှာ နေရတာက အဆင်ပြေမနေဘူးကွ "

" အဘိုးကလည်း ဗျာ... ဒီအစီစဥ်ကို အဘိုးလည်း
သဘောတူခဲ့လို့ ဆေးရုံမှာ လာတောင်နေ နေတာလေ ဗျာ။ဘာလို့ အခုမှ ပြဿနာ ရှာနေရတာလဲ။ပြီးတော့... မြေးချွေးမလိုချင်တာနဲ့ မိန်းမ မယူချင်တဲ့ ကျွန်တော့်ကို မိန်းမအတင်းပေးစားဖို့ လုပ်ခဲ့တာက အဘိုးပဲ။အခုလည်း ကျွန်တော် က အဘိုး ဆန္ဒကို ဖြည့်ဆည်းပေးနေတာပဲ မဟုတ်ဘူးလား "

" ဆက်မပြောနဲ့တော့ မြေး "

" ကျွန်တော်် ပြောဖို့ ကျန်သေးတယ်။မြေးချွေးမ
လိုချင်တဲ့ အဘ်ိုးအနေနဲ့ ဆေးရုံမှာ လေး၊ငါးရက်လောက်ေ ဟန်ဆောင်နေပေးရတာက... အဘ်ိုးအတွက် အပန်းမကြီး၊ကြီးမားတဲ့ ပြဿနာကြီး ဖြစ်စရာလည်း မရှိပါဘူး။အဲ့ဒါကြောင့် ပူးပေါင်းမူ့ကို အဆုံးထိ ပူးပေါင်းပေးပါ အဘ်ိုး "

" စောနကအထိ ဆေးရုံမှာ နေတာ ပြဿနာမဖြစ်ပေမယ့်... အခုအခြေတိုင်းဆိုရင်တော့ အဘိုး ဆေးရုံမှာ နေရတာ ပြဿနာကြီး ဖြစ်ပြီလို့ ထင်တယ် မြေးရေ... "

" ဘာက ပြဿနာကြီးတာလဲ အဘိုး "

" အဘိုး ကို မေးနေတာထက်၊ကိုယ့်ဟာ ကို နောက်ကို လှည့်ကြည့်လိုက်တာ ကောင်းမယ်ထင်တယ် မြေး "

တိုက်, အဘိုးပြောနေတာတွေကို နားမလည်တာကြောင့်... နောက်ကိုပဲ လှည့်ကြည့်လိုက်တော့ သည်။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Tempat cerita menjadi hidup. Temukan sekarang