ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 1

4.4K 91 0
                                    

                  ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                          အခန်း   (၁)

.

.

.

" ဒီနေ့ အိမ်ကို ပြင်ဦးလွင် က အဘိုးမိတ်ဆွေ မောင်ငွေမိုးရဲ့သမီး၊မိန်းကလေးနှစ်ယောက် လာကြလိမ့်မယ်။နှစ်ယောက်လုံး က ညီအစ်မတွေပဲ... "

မနက်ခင်း အဆာပြေဝိုင်းမှာ ကော်ဖီသောက်ရင်း
အဘိုး က ပြောလာသည်။တိုက် အဘိုးဦးသောက ကို မေးခွန်း မေးချင်တာ ရှိတာကြောင့်... သောက်နေတဲ့ လက်ထဲက ကော်ဖီခွက်လေးကို စားပွဲပေါ်  အသာ ချလိုက်သည်။

" အိမ်ကိုလာမယ့်... မိန်းကလေးနှစ်ယောက် က
ဘယ်သူတွေလဲ။ဘာလုပ်ဖို့ လာတာလဲ အဘိုး "

တိုက် မေးလိုက်တော့... အဘိုး က ပြုံးရွှင်သွားတဲ့
မျက်နှာနဲ့ တိုက် ကို ကြည့်လာသည်။

" အိမ်ကို လာမယ့် မိန်းကလေးနှစ်ယောက် က
အဘိုး မိတ်ဆွေရဲ့သမီးလေးနှစ်ယောက်ပါ။အိမ်ကိုလာရတဲ့ အကြောင်းက အဘိုးရဲ့ မြေးအတွက် ကြောင့်ပဲ... "

နေတိမ်တိုက် သူ့ကြောင့်ဆိုတာကြောင့် မျက်လုံးနှစ်ဖက်က ပင့်တက်သွား၏။

" ကျွန်တော့်ကြောင့် ဆိုတာ...."

" အခုလာမယ့် မိန်းကလေးနှစ်ယောက်ထဲက အကြီးမလေး က ​မြေးနဲ့နေရာချထားပေးဖို့... အဘိုး ရွေးချယ်ထားတဲ့ သူပဲ "

တိုက် အဘိုးစကားကြောင့် သောက်ဖို့ ပြင်နေတဲ့ ပါးစပ်နားက ကော်ဖီကိုတောင် မသောက်နိုင်ဖြစ်သွားရသည်။

အဘိုးကတော့ တိုက်, မိန်းမ မယူမချင်းကို တစ်နည်းမဟုတ် တစ်နည်းနဲ့ မိန်းမပေးစားဖို့ကို လုပ်နေတာပါလား။

ပြီးခဲ့တဲ့ နှစ်လအတွင်းမှာလည်း အိမ်ထောင်ဖက်တွေ့ခိုင်းလို့... မတွေ့ချင်းဘဲ သွားတွေ့ရတာက
သုံးခါလောက်ရှိသည်။အဲ့ဒါတွေက အဆင်မပြေတော့... အဘိုးက တိုက်တောင်မသိဘဲ ရွေးထားပုံရတဲ့ မိန်းကလေး ကို အိမ်ပေါ်ကိုတောင် ခေါ်တင်နေပြီမို့... ရန်ကုန်ရဲ့ ဆောင်းမနက်ခင်းက နွေရာသီကို ရောက်သွားသလိုပင် ခံစားလိုက်ရ၏။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now