ရင်ခုန်ခြင်း၏ အဓိပ်ပါယျ
or
ဦးရဲ့.... ချာတိတ်အခန်း (၁၉)
.
." ဦးလေးကြီး တခေတ် လက်နာ... "
တခေတ် ကို ဦးလေးကြီး က သူ့ကားနားအထိ
တရကြမ်းဆွဲခေါ်လာတာ ဖြစ်သည်။ ကားနားရောက်တော့မှ ဆွဲလာတဲ့ တခေတ် လက်ကို လွှတ်ပေးသည်။လက်ကိုလွှတ်ပေးပြီး ခါးပေါ်ကို လက်နှစ်ဖက် တင်ထောက်ပြီး... တခေတ် ကို မျက်ထောင့်ကြီးနဲ့ စိုက်ကြည့်လာတာမို့... ပြောနေတဲ့ စကားက တစ်ဝက်နဲ့ ရပ်သွားရသည်။
" မင်း ဘာတွေလုပ်နေတာလဲ ရွှေတခေတ် "
" တခေတ် အလုပ်လုပ်နေတာလေ။ ဘာလုပ်လို့လဲ... "
" မင်းမှာ လုပ်စရာ လုပ်စရာက ဒီအလုပ်ပဲရှိသလား။တခြား အလုပ်တွေမရှိတော့ဘူးလား
ဟမ် "ဦးလေးကြးစကားကြောင့် တခေတ် နူတ်ခမ်းလေးကို မဲ့လိုက်မိသည်။
" ဘွဲ့တစ်ခုတောင်မရသေးတဲ့ တခေတ်အတွက် အခုလုပ်နေတဲ့ အလုပ်က ရှာရတာ အလွယ်ဆုံးပဲ။ပြီးတော့ တခေတ်ရဲ့လက်ရှိအခြေအနေက
ဟိုအလုပ်မှ ဒီအလုပ်မှရယ်လို့ ရွေးချယ်ခွင့်ရှိတဲ့
အခြေအနေ မဟုတ်ဘူး။ကိုယ်မှန်းထားတဲ့ လခမျိုးလောက် ရရင်ကို အဲ့အလုပ်ကို မလွတ်တမ်း ဆုပ်ကိုင်ပြီး လုပ်နေရတဲ့ အခြေအနေပါ "" အဲ့လိုဆိုတိုင်း ဘားဝိတ်တာ အလုပ်ကို လုပ်စရာလားကွ။မင်း အလုပ် လုပ်ချင်ရင်၊ငါ့ကိုပြောပါလား။ကုမ္ပဏီမှာ မင်းအတွက် အလုပ်နေရာ တစ်ခါလောက်တော့... ငါ့အနေနဲ့ ပေးလို့ရတယ် "
" ဦးလေးကြီးနဲ့ တခေတ်နဲ့က ဆိုင်မှ မဆိုင်တာ ကိုး... "
" ဘားကနေ အလုပ်ထွက်လိုက်တော့...
မနက်ဖြန် ငါ့ကုမ္ပဏီကို လာခဲ့ "" ဟင့်အင်း... မလာချင်ဘူး "
" ရွှေတခေတ်! မင်း ဘာလို့ ငါ့စကားကို နားမထောင် ဖြစ်နေရတာလဲ "
ကိုယ့်စကားကိုဆို တစ်ခွန်းမှ နားမထောင်တဲ့
ချာတိတ်မလေးကြောင့်... တိုက်,မှာ ဒေါသထွက်ရ၏။ဒေါသကြောင့် ကိုယ့်အသံကလည်း ကျယ်သွားသည်။
YOU ARE READING
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Completed
Romanceစည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် ဒါလေးကို အစားထိုးပြန်ရေးနေတာပါ။