ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်အခန်း (၃၀)
." မေမေ တခေတ် အပြင် သွားလိုက်အုံးမယ် "
ဒေါ်သန္တာ အခန်းထဲမှာ အိပ်ဖို့ လုပ်နေချိန်...
သမီးမှ အခန်းထဲ ဝင်လာပြီး ပြောသည်။" အပြင် ဘာလုပ်ဖို့လဲ။အိပ်ချိန်တောင်ရောက်နေပြီလေ ငါ့သမီး "
" မေမေ့အချစ်ဆုံး သမက်ကြီးက ဘားမှာ မူးနေလို့ သွားခေါ်ရမယ်။ဝိတ်တာက အမြန်လာပေးဖို့
ပြောနေလို့ တခေတ် သွားလိုက်အုံးမယ် မေမေ "" တစ်ယောက်တည်းလား... မေမေ အဖော်လိုက်ခဲ့ရမလား "
" အစ်ကိုဖြိုးသူ ကို ဖုန်းဆက်ထားတယ် "
" ဟုတ်လား။ အဲ့ဒါဆိုလည်း အမြန်သွားလေ "
" ဟုတ်ကဲ့ "
တခေတ်,မေမေ့ကို ပြောပြီးတာနဲ့ အိမ်ကနေ အမြန်ထွက်လာခဲ့လိုက်သည်။
...........
" အစ်ကိုဖြိုးသူ အခု လာနေတာ၊ဘယ်နားရောက်ပြီလဲ။တခေတ် က ရောက်နေပြီ "
" အစ်ကို နောက်ဆယ်မိနစ်ဆိုရင် ရောက်ပြီ
တခေတ် "" အာ့ဆို တခေတ် အရင်ဝင်နှင့်မယ်။အစ်ကိုဖြိုးသူ ရောက်လာရင် အထဲသာ ဝင်လာခဲ့လိုက်တော့ "
" အင်း "
တခေတ် ဖုန်းချပြီးတာနဲ့ ဝိတ်တာ ညွှန်ပြထားတဲ့ စားပွဲဝိုင်းဆီကို လျှောက်သွားလိုက်သည်။
" ညီမလေးက ဒီအစ်ကို့ကို လာခေါ်တာလား "
တခေတ် ဦးလေးကြီးရှိနေတဲ့ စားပွဲဝိုင်း နေရာကိုရောက်တော့... စားပေါ်မှာ ဦးလေးကြီးနဲ့ ခေါင်းချင်းဆိုင်ကာ... မှောက်နေတဲ့ ဆက်ရဲ့ပခုံးကို လှုပ်၍ ခေါ်နေတဲ့ အစ်ကိုတစ်ယောက်က
တခေတ်ကိုမေးလာတာပဲ ဖြစ်သည်။" ဟုတ်ပါတယ်။အစ်ကို က ဆက် ကို လာခေါ်တာ ထင််တယ် "
" ဟုတ်တယ်။ နှစ်ယောက် က ဘယ်လောက်တောင် သောက်ထားကြလဲ မသိဘူး "
" ဘယ်လောက်သောက်ထားလဲဆိုတာထက်၊အကြောမတည့်တဲ့ နှစ်ယောက်က တစ်ဝိုင်းတည်း အတူထိုင်ပြီး၊မှောက်တဲ့အထိ သောက်နေတာက
ထူးဆန်းနေတာ အစ်ကို "
STAI LEGGENDO
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Completed
Storie d'amoreစည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် ဒါလေးကို အစားထိုးပြန်ရေးနေတာပါ။