ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်အခန်း (၇)
..
.
" ရွှေတခေတ်! မင်း က ဘယ်လို မိန်းကလေး လဲ။ပိုက်ဆံနဲ့စည်းစိမ်ဥစ္စာကိုမတ်မောတာနဲ့ ငါ့ကို အပိုင်ကြံတယ် ဟုတ်လား... "
တခေတ် ဦးလေးကြီး ကို ကြောက်ပေမယ့်... တခေတ် ကိုယ်တိုင်ကထားတဲ့ ဇာတ်မို့ အဆုံးထိဆက်ကမှ ရတော့မည်မို့...
" ဦးလေးကြီး ကြားတဲ့အတိုင်း ပဲ "
တခေတ်ရဲ့ ခပ်ရွဲ့ရွဲ့ အဖြေအဆုံးမှာတော့...
" ရွှေတခေတ်! "
ဒေါသကြောင့် အော်ပြောလိုက်တဲ့ ဦးလေးကြီး အသံက အခန်းတစ်ခုလုံး ဟိန်းထွက်သွားခဲ့သည်။
" ဦးနေ အရမ်းဒေါသမထွက်ပါနဲ့။တခေတ် က
သူ့အမေမယားငယ်နဲ့တူတော့... ပိုက်ဆံရှိတဲ့
ယောာက်ျားတွေနဲ့အတူအိပ်ပြီး အပိုင်ကြံရတာကို
သဘောကျတယ်လေ။အဲ့ဒါကြောင့် ဦးနေကိုလည်း တခေတ် က အပိုင်ကြံလိုက်တာ။ဒါမဲ့ ဦးနေ တခေတ် ကို လက်ထပ်စရာမလိုပါဘူး။မိုးသား က ဖေဖေနဲ့မေမေ့ကို ပြောပြပြီး၊ဖြေရှင်းခိုင်းလိုက်ပါမယ် "" မိုးသားဖြူ မင်း ဒီအခန်းထဲကနေ ခဏလောက် ထွက်သွားလိုက်စမ်း။ငါ ရွှေတခေတ်နဲ့ စကားပြောမလို့ "
ဦးနေ၏ ခပ်မာမာ စကားသံကြောင့်...
မိုးသားသည် ထိုနေရာကနေ ထွက်မလာချင်ဘဲ
ထွက်လာခဲ့ရသည်။ရင်ဘက်ထဲမှာတော့ တခေတ် ကို အမှုန့်ကြိတ်ပစ်ချင်နေမိသည်။
တိုက်, မိုးသားဖြူ ထွက်သွားတာနဲ့ အခန်းတံခါးကို သွားပိတ်ပြီး၊တံခါးလော့ကိုပါ ချပစ်လိုက်သည်။အဲ့နောက်...
ညအိပ်ဝတ်စုံလေးနှင့် ခပ်ပွပွဖြစ်နေတဲ့ ဆံပင်တိုလေးနှင့် ချာတိတ်မလေးအရှေ့ကို ပြန်သွားလိုက်သည်။
" ငါ မင်း ကို ဘာမှ အထွေးအထူး စကားတွေ မပြောချင်ဘူး။ဒါမဲ့ ညက မင်း ကို တာဝန်ယူရလောက်တဲ့အထိ ဘာတစ်ခုမှ မကျူးလွန်ခဲ့ဘူး။
ငါနဲ့ မင်း ညက ဘာတစ်ခုမှ မဖြစ်ခဲ့တာကိုလည်း မင်း က ငါ့ထက် ပိုသိမှာပါ။အဲ့ဒါကြောင့် ငါ မင်း ကို လက်ထပ်မှာ မဟုတ်ဘူး။အဘိုး က မင်း ကို တာဝန်ယူဖို့ ငါ့ကို ပြောတယ်။ငါ အမှား မလုပ်ထားတဲ့ အရာအတွက် ဘယ်သူ့ရဲ့ စကားကိုမှ
နားထောင်မှာ မဟုတ်ဘူး။ပြီးတော့... မင်း လို
ခပ်ဆိုးဆိုး ချာတိတ်မလေး ဆို... ပိုလို့တောင်မှ
ငါ့ဇနီးဖြစ်လာမှာ မဟုတ်ဘူး "
VOUS LISEZ
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Completed
Roman d'amourစည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် ဒါလေးကို အစားထိုးပြန်ရေးနေတာပါ။