ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်အခန်း (၂၂)
.
" ဒီနေ့ အိမ်မှာပဲနေ ဘယ်ကိုမှ မသွားရဘူး ချာတိတ် "
" မေမေ့ဆီရော မသွားရဘူးလား ဟင် "
" အင်း "
" အာ့ဆို တခေတ် က တစ်နေကုန် အိမ်ထဲမှာပဲ နေရမှာပေါ့ "
ကုမ္ပဏီသွားဖို့ အဝတ်စားလဲပြီး၊မှန်တင်ခုံရှေ့၌ နာရီပတ်နေတဲ့ တိုက်,မှာ... အပြင်မသွားရဘူးလို့ ပြောလိုက်တာနဲ့... မှန်ထဲကနေ မြင်နေရတဲ့ ချာတိတ်မလေး မျက်နှာက မဲ့ကျသွားတာမို့... ပြုံးလိုက်မိ၏။
" မနက်ပိုင်းကို အဘိုး ကို အဖော်ပြုပေးလိုက်ပါ။ညနေကျရင် အလုပ်ကနေ စောပြီး ပြန်လာခဲ့မယ်။မင်းအမေဆီကို လိုက်ပို့ပေးမယ် "
" တကယ်ပြောတာနော် ဦးလေးကြီး "
" အင်း။ ပြီးတော့... မင်း အဝတ်အစားတွေကို
နောက်တစ်နာရီလောက် ဖြိုးသူ လာပို့ပေးလိမ့်မယ် "" အာ့ဆို ပြန်လာခါနီး တခေတ် ကို ဖုန်းဆက်နော်။ရေချိုးပြီး၊အသင့်ပြင်ပြီး စောင့်နေမယ် "
" ဟုတ်ပြီ၊ကိုယ် သွားတော့မယ် "
" ဟုတ် "
" ဘာလို့မသွားသေးတာလဲ ဦးလေးကြီး "
သွားတော့မယ် ပြောပြီး၊မသွားသေးဘဲနဲ့ တခေတ် ကို မျက်မှောင်ကြီးကြုတ်ကာ ကြည့်နေတဲ့
ဦးလေးကြီး။တခေတ် က မေးတော့..."မင်း ဇာတ်ကားတွေကြည့်တယ်မလား ချာတိတ်"
" ဟုတ် ကြည့်တယ်လေ။ အဲ့ဒါနဲ့ ဦးလေးကြီး အလုပ်မသွားသေးတာနဲ့ ဘာဆိုင်လို့လဲ "
" ဇာတ်ကားထဲမှာ ယောက်ျားဖြစ်သူက အလုပ်သွားရင် မိန်းမဖြစ်သူက အိမ်တံခါးဝဆီတို့ ကားနားအထိတို့ လိုက်ပို့ပေးကြတဲ့ အခန်းတွေကို မင်း မကြည့်ဖူးဘူးလား... "
" ကြည့်ဖူးတာပေါ့။အဲ့အခန်းတွေဆို ဇာတ်ကားတိုင်းလိုလိုပဲ ပါတာပေါ့ "
" အဲ့ဒါဆို ကိုယ်ဘာလို့ မသွားသေးတာလဲဆိုတာ
မင်း သိမှာပေါ့ "
YOU ARE READING
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Completed
Romanceစည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် ဒါလေးကို အစားထိုးပြန်ရေးနေတာပါ။