ရင်ခုန်ခြင်း၏ အဓိပ်ပါယျ
or
ဦးရဲ့.... ချာတိတ်အခန်း (၃၃)
.
" ဘုန်း! "
" အား... လေးလိုက်တာ "
အိမ်ထဲရောက်တော့ မနိုင်မနင်းနဲ့ တွဲခေါ်လာရတဲ့
ဦးလေးကြီး၏ ကိုယ်ကြီးကို ထိုင်ခုံဆီမှာ ထိုင်စေလိုက်တာ.... မနိုင်တာကြောင့် ခုံပေါ်ကိုပစ်ကျသွားရသည်။တခေတ်လည်း လေးလံတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဦးလေးကြီးကို ခုံပေါ်တွဲချပေးပြီးတော့မှ အသက်ဝအောင်ရှူနိုင်တော့သည်။
" အိပ်ထဲ ရောက်ပြီ၊ဖျာခင်းပေးမှာမို့လို့ အိပ်လိုက်တော့ "
တခေတ် ခုံပေါ်မှာ မျက်လုံးမှိတ်ပြီး ဘာမှပြန်မဖြေတဲ့ ဦးလေးကြီးကို တစ်ချက်ကြည့်ပြီး... အိပ်ရာခင်းပေးဖို့ လုပ်လိုက်သည်။တခေတ်ကတော့ မေမေ့အခန်းထဲမှာ ဝင်အိပ်မည်မို့...
ဦးလေးကြီးကို ခြင်ထောင်ပါ ထောင်ပေးလိုက်သည်။တိုက်, အိပ်ရာခင်းနေတဲ့ သူမကို ခိုးကြည့်ပြီး ပြုံးနေမိ၏။ဒီညတော့ သူမနဲ့ ငြိမ်ချမ်းရေး ရအောင်ယူရမည်။
" ဦးလေးကြီး အိပ်ရာ ခင်းထားပြီ၊ထပြီးတော့
လာအိပ် "" အင်း "
" ခြင်ထောင် ထောင်ပေးထားတယ်။အထဲကိုဝင်ပြီး အိပ်တော့... တခေတ်လည်း အခန်းထဲ သွားအိပ်ပြီ "
" အင်း... "
တခေတ် ခပ်လေးလေး အသံနဲ့ဖြေလာတဲ့ ဦးလေးကြီး ကို ကျောခိုင်းပြီး မေမေ့အိပ်ခန်းဆီ
ဦးတည်လိုက်သည်။" ချပ်! အမေ့! "
တခေတ် တံခါးဖွင့်နေချိန် နောက်ကနေ သိမ်းဖက်တာကို ခံလိုက်ရတာကြောင့် လန့်သွားရသည်။
" ဦးလေးကြီး ဘာလုပ်တာလဲ တခေတ် ကို လွှတ်
"ခါးပေါ်က ဖက်ထားတဲ့ လက်တွေကို ဖယ်ရင်း ပြောလိုက်တော့...
" ဖက်ထားချင်တယ် "
ပခုံးပေါ်ကို မေးတင်ပြီး ပြောတဲ့ သူက...
ဖက်ထားတဲ့ လက်တွေကို မဖယ်ပေးတဲ့ အပြင်
ပိုတိုးလို့ ဖက်လာ၏။
BẠN ĐANG ĐỌC
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Completed
Lãng mạnစည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် ဒါလေးကို အစားထိုးပြန်ရေးနေတာပါ။