ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 6

1.3K 52 1
                                    

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်

အခန်း (၆)

.

.

.

" ကြီးကြီးတင် အဲ့ဒါ ဘယ်သူ့အတွက် ယူသွားပေးမလို့လဲ "

" တူကြီးတိုက် အတွက်လေ။ညဘက် အိပ်ခါနီး
နွားနို့ပူပူလေးကို သူဌေးကြီးရော တူကြီးတိုက်ရော တစ်ခွက်ဆီ သောက်ပြီးမှ အိပ်ကြတာ။သမီးတခေတ်ရော သောက်ချင်လို့လား...။တစ်ခွက်စာလောက်ကျန်သေးတယ်။ကြီးကြီးတင်
ဖျော်ပေးမယ်လေ "

" တခေတ် မသောက်ချင်ဘူး။အဲ့ခွက်ကိုပဲ
တခေတ် ကို ပေးပါ။ဦးလေးကြီး အတွက်
တခေတ် ယူသွားပေးချင်လို့ပါ။ရတယ်မလား... ဟင် "

" ဒါဆိုရင်တော့ ကြီးကြီးတင် က ကျေးဇူးတင်တာပေါ့။နို့မိုဆိုရင် အပေါ်တက်လိုက်၊အောက်ဆင်းလိုက်ဆို ဒူးက နာတယ်လေ "

" ဟုတ်ကဲ့။နောက်နေ့ကစပြီး တခေတ် က ဦးလေးကြီးအတွက် နွားနို့တစ်ခွက်ကို ကြီးကြီးတင် အစားပို့ပေးပါမယ် "

" ကောင်းပါပြီကွယ်။ဒီမှာ နွားနို့ခွက်။သတိထား
ယူသွားနော်။ပူနေသေးလို့ လှေကားမှာ ချော်လှဲရင် အပူလောင်မယ် "

" ဟုတ်ကဲ့ ကြီးကြီးတင် "

တခေတ် ဦးလေးကြီးအတွက် ဗန်းသေးသေးလေးနဲ့ထည့်ထားတဲ့ နွားနို့ခွက်ကို ယူပြီး... ထမင်းစားခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

ဦးလေးကြီး အိပ်ခန်းက အပေါ်ထပ်မှာ ဖြစ်တာမို့... အပေါ်ကိုတက်လာခဲ့လိုက်သည်။

အစ်မမိုးသားဖြူ သာ တခေတ်နှင့် အိပ်ခန်းချင်းမလဲဘူးဆိုရင်... တခေတ်အိပ်ခန်းနှင့် ဦးလေးကြီးအခန်းက မျက်နှာချင်းဆိုင်ဖြစ်နေမှာ။အခုတော့
မိုးသားဖြူ ကျေးဇူးကြောင့်နဲ့ အမြင်ကပ်စရာကောင်းတဲ့ ဦးလေးကြီးနှင့် အပေါ်၊အောက်နေခွင့်ရပြီလေ။အခု အပေါ်တက်လာတယ်ဆိုတာကလည်း တခေတ်၏ အကြံအစီကြောင့်ပင်။ဘာအကြံလဲဆိုတာကတော့...

.

.

" ငါ့ အခန်းထဲ ဘာဝင်လုပ်တာလဲ ရွှေတခေတ် "

" အမလေး... လန့်လိုက်တာ။ဦးလေးကြီး က
ဘာလို့ အသံမပေးတာလဲ "

ဦးလေးကြီး အခန်းထဲက စားပွဲပေါ်မှာ နွားနို့ခွက်ကို တင်နေရုံရှိသေးသည်။နောက်ဘက်က ကြားလိုက်ရတဲ့ စကားသံကြောင့်... တခေတ်မှာ အလွန်ထိတ်လန့်သွားရ၏။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Wo Geschichten leben. Entdecke jetzt