ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်အခန်း (၂၀)
.
.
" လက်ထပ်ပွဲကို မင်္ဂလာပွဲအကြီးကြီး မလုပ်ချင်ဘူး။ ရိုးရိုးရှင်းရှင်းနဲ့ မိသားစုတွေချည်းပဲ စုပြီး လုပ်ချင်တယ် "
" နေပါအုံး... ခင်ဗျား ယူမယ့် ကျွန်တော််က လူငမွဲမဟုတ်တာတော့ သိတယ်မလား... "
" ငါ သိပါတယ်။ မင်းက ငွေကို ရေလိုသုံးနိုင်တဲ့
သူဌေးသားဆိုတာ... "" အဲ့ဒါဆိုရင် ဘာလို့ လက်ထပ်ပွဲကို အကြီးကြီး မလုပ်ချင်ဘူး ပြောရတာလဲ။အခု မင်္ဂလာပွဲကခင်ဗျားရော ကျွန်တော်ရော တစ်သက်မှ တစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲ။အဲ့ဒါကို ခင်ဗျားက ဘာလို့ မင်္ဂလာပွဲ မလုပ်ချင်ရတာလဲ "
" မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ရအောင် ငါတို့က သမရိုးကျ ယောက်ျားနဲ့မိန်းမ ယူလို့ လက်ထပ်ကြတာမှ မဟုတ်တာ။ယောက်ျားလေးချင်း ယူကြမှာ။ပြီးတော့... ပတ်ဝန်းကျင်ဆိုတာလည်း ရှိသေးတယ် "
" ပတ်ဝန်းကျင်၊ခင်ဗျား က ကိုယ့်ဘဝအတွက် အရေးပါတဲ့ အရာထက်၊ပိုအရေးကြီးပေါ့ ဟုတ်လား... "
" အရေးမကြီးပေမယ့်... ဂရုစိုက်သင့်တာတော့
စိုက်ရမှာပဲ။မင်းနဲ့ငါ့ရဲ့ဖြစ်တည်မူ့ကို ငါတို့နဲ့ပတ်သက်တဲ့ လူကြီးတွေက အကုန်နားလည်ပေးပေမယ့်... ပတ်ဝန်းကျင်ကတော့ ငါတို့ကို နားလည်းပေးတဲ့ လူကြီးတွေလိုမျိုး နားလည်ပေးကြမှာ မဟုတ်ဘူး။အကောင်းမြင်စိတ်နဲ့ ကြည့်သူတွေထက်၊မကောင်းမြင်စိတ်နဲ့ ကြည့်ပြီး... ဝေဖန်ကြတာများတဲ့ လောကကြီးမို့... ငါတို့အတွက် အရေးပါနေတဲ့ နေ့လေးကို ကောင်းမွန်တဲ့ ချီးမြှင့်စကားသံတွေနဲ့ ကောင်းမွန်တဲ့ အမှတ်တရလေးအဖြစ်ထင်ကျန်စေချင်တယ်။နောက်ပြီး ငါတို့နိုင်ငံမှာ အခုထိ လိင်တူချင်းလက်ထပ်တာကို ခွင့်ပြုသေးတာလဲ မဟုတ်ဘူး။အဲ့ဒါကြောင့် ငါ့ဆန္ဒကို လိုက်လျောပေးပါ "" အင်... ဒါဆိုရင် ခင်ဗျားဘက်က တစ်ခုတော့ လုပ်ပေးရမယ်။အဲ့ဒါဆိုရင် အကုန် ခင်ဗျားသဘောတိုင်း ဖြစ်စေရမယ် "
YOU ARE READING
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Completed
Romanceစည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် ဒါလေးကို အစားထိုးပြန်ရေးနေတာပါ။