ခံစားချက်ရှိနေမှတော့ ချစ်တင်းနှောသည်က ဘာမှမဟုတ်တော့။ ထိုသို့ဆိုလျှင် ယဲ့ရှောင်ဟန်သည်လည်း ခြူးမုယွင်အပေါ် သူ၏ ခံစားချက်များကို လျင်လျင်မြန်မြန် နားလည်လာလိမ့်မည်။

ထိုနေ့မနက်က သူတို့နှစ်ဦး ဝိဉာဉ်လဲသွားခြင်းသည် ထင်မှတ်မထားသည့် ဖြစ်ရပ်တစ်ခုသာ။ ယဲ့ကျန့်ဟန်ပင် အနည်းငယ် အံ့ဩခဲ့ရသော်ငြား အကျိုးရလဒ်က မထင်မှတ်ထားလောက်အောင် ကောင်းမွန်နေခဲ့၏။ သူလည်း ထိုအတိုင်း အလိုက်သင့်လေး စီးမျောကာ ယဲ့ရှောင်ဟန်အား စွဲလမ်းခြင်းနွံအိုင်ထဲ နစ်မွန်းသွားပြီး ထိုအမျိုးသားအပေါ် အပိုင်သိမ်းလိုစိတ်များ ပေါက်ဖွားလာအောင် အခွင့်အလမ်းများ ဖန်တီးပေးတော့သည်။ ထိုမှတဆင့် သူ့အတွက် အခွင့်အရေးများ ပေါ်လာပေလိမ့်မည်။

ထို့အပြင် ယဲ့ကျန့်ဟန်သည် ခြူးမုယွင်၏ စိတ်ကိုလည်း နားလည်နေ၏။ ခြူးမုယွင်က ထိုကောင်လေး နာကျင်ခံစားသွားရမှာကို စိုးရိမ်နေပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမည်မှန်း သူသိနေခဲ့လေသည်။

-ဝံပုလွေတစ်ကောင်က အသက်မပြည့်သေးရင်တောင် ရိုးတွင်းခြင်ဆီကို စားပြီး အရသာခံစားဖူးသွားရင် သူ့ရဲ့သားကောင်ကို ဘယ်လိုလုပ် လက်လွတ်နိုင်ပါဦးမလဲ..?

ဒါပေမဲ့လည်း ခြူးမုယွင်ကရော သူ့ကို ဘယ်လိုလုပ် အောင်နိုင်ခွင့်ပေးပါ့မလဲ..?

တတိယမြောက်နံနက်ခင်းတွင် ယဲ့ရှောင်ဟန်က ခြူးမုယွင်အား သန့်ရှင်းရေးလုပ်ပေးရန် ပွေ့ချီလိုက်သည်။ ထိုအခိုက် ‘အိပ်မောကျနေသော’ ခြူးမုယွင်က ရုတ်ချည်း မျက်လုံးပွင့်လာသည်။

သူ့ကို ပွေ့ဖက်ထားသော ကောင်လေးခမျာ သိသိသာသာကို တောင့်ခဲသွားတော့သည်။

ခြူးမုယွင်က အတန်ငယ် ရုန်းကန်လိုက်ရင်း အက်ကွဲရှတစွာ ပြောလာခဲ့သည်။ : “အောက်ချပေး..”

ယဲ့ရှောင်ဟန်မှာ အနည်းငယ် ပျာယာခတ်သွားပြီး ဘာမှပြန်မပြောဝံ့ခဲ့ပေ။

ခြူးမုယွင်ကလည်း သူ့ကို မကြည့်ခဲ့ပေ။ မြေပြင်ပေါ် ခြေချနိုင်သည်နှင့် သူ့ဘေးနား ဘယ်သူမှမရှိသလို၊ ဘာကိုမှဂရုမစိုက်ဘဲ ရေကန်ထဲ ဆင်းသွားတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now