Love Piano🌸Ep.33

Beginne am Anfang
                                    

မင်းကြီးအပြုအမှုကြောင့် ရှောင်ပိုင်မှာပင် အလန့်တကြားဖြစ်မိသည်...

ပလ္လင်ပေါ်ကမင်းကြီးပေါင်ပေါ်မှာ ထိုင်နေတဲ့ ကြင်ယာတော်ကြောင့် မေရွယ်ဟာ သူမ၏ နှုတ်ခမ်းကို သူမသွားနဲ့ဖိကိုက်နေပြီး သူမဒေါသကို သူမထိန်းနေရသည်...ခန်းမကြီးထဲက လူကြီးမင်းများမှာတော့ မောပင်မကြည့်ရဲ လူကြီးများဖြစ်ကျတာကြောင့် မင်းကြီး၏ အပြုအမှုကိုမကြည့်ဝဲ့ကျပါ..

မင်းကြီးဟာ သေးသွယ်တဲ့ခါးလေးကို သူ့လက်နဲ့ဖက်ထားပြီး...ကြင်ယာတော် ပုခုံးပေါ်အား မေးလေးတင်ကာ နူးညံ့တဲ့အသံနဲ့အတူ ကြင်ယာတော်အား စကားဆိုသည်..

"ဒီလူသုံးယောက်ကို မင်းဘာလုပ်ချင်လည်း

"သူတို့ကိုမသ-တ်ပါဘူးလို့ ဂတိပေးထားတယ်

"ဒါဆို ဘယ်လိုအပြစ်ပေးချင်လည်း..

"ဘာအပြစ်မှမပေးချင်ဘူး...သူတို့မှာအပြစ်မရှိဘူးလေ..

ကြင်ယာတော်၏ စကားကြောင့် မင်းကြီးမျက်ခုံးတွေက တွန့်တက်သွားသည်...

"သူတို့ကဘာကြောင့်အပြစ်မရှိရမှာလဲ..သေသင့်တဲ့အပြစ်တွေရှိတယ်..

"ဒါက အတင်းအကျပ် ခိုင်းစေမှုကြောင့်ပဲလေ

"တော်ပြီ....လာကျစမ်း ဒီအပြစ်သားတွေကို ခေါ်သွားစမ်း.. ဘိုးဘွားမြေးဆင် အစဉ်အဆက် နယ်နှင်ဒဏ်ပေးစေ !!

မင်းကြီးအမိန့်ပြီးတာနဲ့ ထိုအရပ်သား သုံးယောက်ဟာ အော်ဟစ်ရင်း မင်းကြီးဆီမှာ သနားခံနေကျသည်..

ပလ္လင်ပေါ်က မင်းကြီးကတော့ ထိုအရာတွေကို ဂရုမစိုက်ပဲ ပေါင်ပေါ်က ကြင်ယာတော်ကိုသာ ကြည့်နေသည်....

"မင်းတို့အားလုံး ပြန်လို့ရပြီ

မင်းကြီးဟာ ပေါင်ပေါ်က ကြင်ယာတော်ကို အသီးခွံ့ကျွေးနေရင်း ခန်းမဆောင်က လူတွေအားလုံးကို ပြန်စေသည်...

သူကိုပင်တစ်ချက်မကြည့်တော့ပဲ ပေါင်ပေါ်က ကြင်ယာတော်ကိုသာ အရေးပေးနေသည့်ကြောင့် မေရွယ်မှာ ဒေါသများသာ ထွက်နေမိသည်...

လူအားလုံး ထွက်သွားကျတော့ မင်းကြီးနဲ့ ကြင်ယာတော်လဲ ခန်းမဆောင်ကြီးဘက်က ထွက်လာခဲ့ကျပြီး...မက်မွန်းပန်းများ ဝေဆာစွာပွင့်လန်းနေတဲ့ ပန်းဥယျာဉ်ဘက်ကို နှစ်ယောက်သား ထွက်လာခဲ့ကျသည်...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Wo Geschichten leben. Entdecke jetzt