Love Piano🌸Ep.32

Start from the beginning
                                    

ခန်းမကြီးထဲလည်း လူစုလူဝေးရှိပြီမို့ ... ရှောင်ပိုင် သူရှာတွေ့ထားတဲ့ သက်သေများကို ထုတ်ပြရန် ပြင်စင်တော့သည်...

"ကဲ ...သက်သေဘယ်မှာလည်း..

မိဘုရား သုံးပါးအနက် တစ်ပါးမှာ ကြောက်ရွံ့ နေပြီး ကျန်တစ်ပါးကတော့ ကျေနပ်ပြုံးလေး ပြုံးနေသည်..

မင်းကြီးအမေးဆုံးတာနဲ့.. ရှောင်ပိုင်ဟာ အနောက်က ကုန်းကုန်းကို လက်ဝှေ့ပြတာနဲ့ ထိုကုန်းကုန်းဟာ စစ်သည်တစ်ချို့ကို ခေါ်ကာ မိန်းမကြီးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ကို ခေါ်သွင်းလာလေသည်...

ထိုလူနှစ်ယောက်ကို မြင်လိုက်တာနဲ့ ကြောက်ရွံ့နေတဲ့ မိဘုရားဟာ ပိုလို့ပင် ထိပ်လန့်နေသည်...

"လျှောက်တင်ပါတယ်မင်းကြီး... ဒီဘက်ကတစ်ယောက်က ဆောင်ကြာမြိုင်က သူဌေးဖြစ်ပြီး ဒီတစ်ယောက်ကတော့ တည်ခိုဆောင်ပိုင်ရှင်ပါ..

"သူတို့မှာ ဘာအပြစ်ရှိတာလည်း

"သူတို့မှာတော့အပြစ်မရှိပါဘူး..

ရှောင်ပိုင်ဟာ ထိုသို့ စကားဆိုပြီး ဒူးထောက်ခစားနေကျတဲ့ လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တော့ ထိုလူနှစ်ယောက်က ကြောက်အားလန့်အား ပါပဲ

ထိုနှစ်ယောက်ဟာ မိဘုရားကိုတစ်ချက်ကြည့်လိုက် ကြင်ယာတော်ကို တစ်ချက်ကြည့်လိုက်နဲ့ တကယ်ပင်လမ်းပျောက်နေပုံပါပဲ..

"စကားမပြောတော့ဘူးလား..ဘာလဲ အကုန်ကျပြီလား

ရှောင်ပိုင်ဟာ အရင်နေ့တွေနဲ့မတူဘူး ဒေါသစိတ်ပါနေသည်.. အသံတစ်သံပင်ထွက်မလာတဲ့ လူနှစ်ယောက်ကို မျက်တောင်နီနဲ့တစ်ချက်ကြည့်ပြီး လေသံမှာလည်း မာတင်းလို့နေသည်...

"ညီမလေး ...ကိုယ်တိုင်ကအရှက်မရှိတာလုပ်ခဲ့ပြီး အခုမှအပြသ်မရှိတဲ့ လူတွေကိုဆွဲမထည့်သင့်ပါဘူး

"မိဘုရားကို အခုစကားပြောလို့ရပြီလို့ပြောလိုက်မိလား

"နင်

"ဟုတ် ဟုတ်ပါတယ် ကျွန်တော်မျိုးတို့မှာ အပြသ်မရှိပါဘူး ... သူ သူ ကျွန်တော်မျိုးတို့ကို အတင်းခေါ်လာတာပါ..

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now