Love piano🌸Ep.29

Start from the beginning
                                    

"ရှောင်ပိုင် ဒါကနင့်ဘာသာ သေတွင်းရှာတာပဲ ..ဒီတစ်ခါတော့ နင်လွတ်လမ်းမရှိတော့ဘူး

ထိုသို့ လှပတဲ့ နှုတ်ခမ်းတစ်စုံက ရေရွတ်နေပြီး သူ၏ နောက်လိုက်အစေခံမလေး၏ နားအနားမှာ တီးတိုးစကားများ ဆိုလိုက်သည်...

ထိုအစေခံမလေးဟာ မိဘုရားအမိန့်ရတာနဲ့ အဆောင်တော်အပြင်ကိုအမြန်ထွက်ကာ... နန်းတော်ခြံဝန်းကြီး ဖြစ်တဲ့ နံရံတစ်ခုမှာ ရပ်လိုက်ပြီး အသံတစ်ခုပေးလိုက်တာနဲ့ တစ်ဖက် စားသောက်ဆိုင်ဝန်းထဲက လူကြီးတစ်ယောက်ဟာ မသိမသာ ခြံဝန်းကြီးဘက်ကို လာကာ...တစ်ဖက်က ထိုးပေးလာတဲ့ စာဆောင်လေးကို ယူကာ ရင်ဘက်ကြားထဲ ထည့်လိုက်သည်..

ထိုနောက် မြို့တော်ရဲ့ အကြီးဆုံးဖြစ်တဲ့ ဆောင်ကြာမြိုင်နစ်ခုထံ ထိုစာဆောင်က ရောက်သွားလေသည်...ထိုစာဆောင်ဟာ ဆောင်ကြာမြိုင်၏ သူဌေးမကြီး လက်ထဲအရောက် ထိုသူဌေးမကြီးဘာ အလှပကေးလေးတွေဖြစ်တဲ့ မိန်းကလေး သုံးလေးယောက်အား ခေါ်ပြီး ...တီးတိုးစကားဆိုသည်...

"သို့သော် လူမှားခဲ့ကျသည်"

လုန်သယ်တစ်ယောက် မူးနေတဲ့ ကြင်ယာတော်ကို ခေါ်ကာ ဧည့်သည်ဆောင် တစ်ခု ရှာနေသည်...

"သခင်လေး..ဘာများလိုလည်း

"အခန်းနှစ်ခန်းပေးပါ

"သခင်လေး အခန်းကတစ်ခန်းပဲရှိတော့ပါတယ်..

လုန်သယ်လည်း ခဏတာပဲတည်မှာမို့ ခေါင်းညိတ် လိုက်ပြီး သူဌေးလိုက်ပြတဲ့ အခန်းကိုလိုက်ကာ ကြင်ယာတော်အား ကုတင်ပေါ်ကို ချပေးလိုက်လေသည်...အခန်းတံခါးကို ပိတ်ပြီး ထွက်သွားတဲ့ သူဌေး၏ အပြုံးကိုတော့ လုန်သယ်သတိမထားမိလိုက်ချေပါ..

(နန်းတော် နားနေဆောင်)

မေရွယ်တစ်ယောက် မင်းကြီးရှိရာကို အလှဆုံးအပြုံးတွေ ပြုံးပြီး ရောက်လာလေသည်...

"မင်းကြီး....

"မေရွယ် ဘာကိစ္စလည်း

"မင်းကြီး...ကျွန်တော်မျိုးမနဲ့အတူ အပြင်ကို လိုက်လည်ပေးနိုင်မလား

မင်းကြီးက ခဏမျှ ငြိမ်သက်သွားပြီး... ခေါင်းညိတ် လိုက်သည်..မေရွယ်ဟာ အောင်နိုက်သူအပြုံး ကို ပြုံးလိုက်ပြီး မင်းကြီးကို ခေါ်ကာ အပြင်ကိုထွက်လေသည်...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now