Love piano🌸Ep.26

Start from the beginning
                                    

"ကြင်ယာတော် စိတ်ချပါ...မင်းကြီးပြန်လာရင် မိဘုရားလုပ်ရက်တွေကို ကျွန်တော်ပြန်လျှောက်တင်မှာပါ..

"ဟင့်အင် မလိုဘူး...အခုဖြစ်ခဲ့တာတွေကိုအရင်ကဖြစ်ရက်တွေကိုရော မင်းကြီးကိုမသိစေချင်ဘူး..

"ဘာလို့လည်း...

"ဒီတိုင်း မသိစေချင်တာလို့ပဲ တွေးလိုက်ပါ

"ဟုတ်ကဲ့...

ကြင်ယာတော်ကို အနားယူစေပြီး သူကတော့ အဆောင်တစ်ခုထံကို သွားနေသည်...

မင်းကြီးနဲ့ မိစ္ဆာတို့တိုက်ပွဲဟာ ရက်လချီသည်အထိ ဖြစ်ပွားနေလေသည်...မိစ္ဆာကြီးမှာ အထိအနာအဆာ များများစားစား မရှိပေမယ့် မင်းကြီးမှာတော့ ဒဏ်ရာများ ပြည့်နက်နေသည်...သွေးများ အန်ထွက်နေသည်အထိ မင်းကြီးကတော့ လက်လျော့မယ့်ပုံမပေါ်ချေ...လျိုချင်ဟာ ဝင်ရောက်တိုက်ခိုက်ပေမယ့်လဲ မိစ္ဆာကြီးကို လုံးဝပင် မယှဉ်နိုင်ပါ...

သွေးများစွာနဲ့ ဖြစ်နေတဲ့ မင်းကြီးကို ကြည့်ကာ မိစ္ဆာအိုက ကျေနပ်စွာပြုံးသည်...

"ကောင်စုတ်လေး ...အဲ့ဒီကြင်ယာတော်ကအဲ့လောက်ပဲ မင်းအတွက်အရေးကြီးလား..

"စကားအပိုတွေမပြောနဲ့..

မိစ္ဆာအိုဟာ သွေးသံတရဲရဲနဲ့ မင်းကြီးကို ကြည့်ကာ စကားဆိုသည်...

မထနိုင်သည်အထိ မြေပြင်ပေါ် ဒူးထောက်နေရပါသော်လည်း သူ့ရှေ့က မိစ္ဆာကို အရှုံးပေးပြီး ကြင်ယာတော်ကို စွန့်လွတ်မယ့်ပုံမပေါ်ပါ

"ဒီကြင်ယာတော်က မင်းအတွက်ဒီလောက်ထိအရေးကြီးလိမ့်မယ်မထင်ထားဘူး....ကောင်စုတ်လေး အားအင်တွေပြန်ဖြည့်လိုက်အုံး နောက်တစ်ခါထပ်ဆုံကျမယ်

မိစ္ဆာကြီးဟာ ထိုသို့ပြောပြီး အဝေးကို ထွက်သွားသည်...လေထဲမှာပဲ ပျောက်ကွယ်သွားသည်

မိစ္ဆာကြီး ထွက်သွားမှ... လျိုချင်မှာ သက်ပြင်းချနိုင်တော့သည်
သူ့ရှေ့မှာ လည်းကျသွားတဲ့ မင်းကြီးကို ထူကာ မြင်းပေါ် တင်လိုက်သည်...

ဝေယာဉ်နဲ့ မင်းကြီးကို နန်းတော်ကို ပြန်ခေါ်လာခဲ့သည်....

မြို့ထဲက ပုံပြင် ပြောသံများ

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now