Love piano🌸Ep.22

Start from the beginning
                                    

မင်းကြီးရဲ့ အပြုအမှုကြောင့်.. အမတ်မင်းများ ဝန်မင်းများ အရာရှိများဟာ တစ်ယောက်တစ်ပေါက် မင်းကြီးအကြောင်း ပြောနေကျပြီး ခေါင်းခါကာ မင်းကြီးကို စိတ်ပျက်နေကျဟန်ပါ...

"မင်းကြီး....အနောက်ဘက်က လူတွေမှာ စားနပ်ရိက္ခာ နည်းပါးလာမှုတွေဖြစ်ပွားနေပါတယ်...ရေလုံလောက်မှုမရှိတာမို့...စံပါးစိုက်ပျိုးရာနဲ့ အသီးအနှံ ဖြစ်ထွန်းရန် ခက်ခဲနေကျပါတယ်

"မင်းကြီး....မြို့ထဲမှာ ဒုက္ခသည်ကျူးကျော်သူတွေ များပြားလာပါတယ်....ထိုကျူးကျော်သူတွေက ကလေးငယ်နဲ့ ရောဂါသည် သက်ကြီးရွယ်အိုများ ဖြစ်ပါတယ်

"မင်းကြီး.... မြို့ထဲမှာ မိစ္ဆာများ သောင်းကျန်း နေသေးပါတယ်.. မြို့တော်အပြင်က ဝူချမ်းမြို့တော့မှာ လူများ ပျောက်ဆုံးနေပါတယ်

အမတ်မင်းတို့အရာရှိတို့ဟာ အကြောင်းအရာများကို အသီသီ လျှောက်တင်နေပါသော်လည်း ငူမိုင်နေတဲ့ မင်းကြီးမှာမှု သူတစ်ယောက်ထဲ ပလ္လင်ပေါ်ထိုင်နေသည့်အလား မည်သူကိုမှလည်း တုန့်ပြန်စကားမဆိုပါ...

"မင်းကြီး...မင်းကြီး...

"ဟမ် ဟမ် အော် အဟမ်း

မုကုန်းကုန်းရဲ့ အခေါ်တော်ကြောင့် အတွေးများကို ခဏရပ်လိုက်နိုင်သည်

"ရေရှားပါးနေတာက...မိုးခေါင်မှုနဲ့ သက်ဆိုငါနိုင်တဲ့ ဒါကြောင့် မိုးမင်းကြီးကို ကန်တော့ပွဲများနဲ့ စီစဉ်ရင်တော့ မိုးခေါင်မှုကို ရပ်တန့်နိုင်လိမ့်မယ်....စားနပ်ရိက္ခာ အတွက် လိုအပ်သလောက် မောင်မင်းတို့ ပို့ဆောင်ပေးလိုက်ပါ

"ကျူးကျော် သူများအတွက်ကတော့...အင်းး နေစရာစားစရာများပေးပြီး ပြည်ပကလာတဲ့ ဒုက္ခသည်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံကျပါ...

"မိစ္ဆာတွေ သောင်းကျန်း တဲ့ ကိစ္စက ငါကိုယ်တော် ကိုယ်တိုင်သွားရောက် စုံစမ်းမှာမို့ မောင်မင်းတို့ စိတ်မပူပါနဲ့

"ကဲ ညီလာခံသိမ်းမယ်"

ညီလာခံ သိမ်းသည်နဲ့ .... အမတ်မင်းတို့ အရာရှိမင်း တို့ဟာ အသီသီ ထွက်သွားကျသည်...ထွက်မသွားသေးတဲ့ လူများကတော့ အမတ်မင်းနှစ်ယောက်သာ ဖြစ်သည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now