Season 2(Part 23)❤️🖤❤️

12.3K 1K 54
                                    

Uni

Season 2(Part 23)

နေမခ အသက်၀၀အရင်ရှူလိုက်ပြီးမှ Leonကိုထပ်မေးသည်။
"Leonငါ့ကိုတစ်ခုချင်းစီသေသေချာချာလေး ရှင်းပြလို့ရမလား…"

"ဒီနေ့Carlo ပြန်လာတော့ ကာရံဟိန်းကို David ကပြန်ပေးဖို့ပြောတယ်တဲ့"

"Carlo ကဘယ်သူလဲDavid ကရောဘယ်လိုသိတာလဲ ငါ့ကိုသူတစ်ခွန်းမှမပြောဘူး"

"Carloက David တို့အဖွဲ့ဝင်ပဲ ဒါပေမဲ့မတည့်ကြဘူး။ Davidဘယ်လိုသိလဲဆိုတာကတော့ သိချင်ရင် မင်းကိုယ်တိုင်သာမေးကြည့်လိုက်။အခုCarloကမနက်ဖြန်ညနေကျရင် ကာရံဟိန်းဆီဗုံးတပ်ပြီးDavid ဆီပြန်ပို့ပေးမယ်လို့ပြောနေတယ်။ ဒီကိစ္စကိုမင်းကြိုသိလို့David ကိုသွားပြောပြလည်းဘာမှမထူးဘူး။ ထူးမှာကမင်းသူငယ်ချင်းပဲ ဘယ်လိုဖြစ်ဖြစ်သေမှာ"

" မင်းတားလို့မရဘူးလား ။မင်းပြောတော့ တာ၀န်ယူတယ်ဆို ဟိန်းသေလို့မရဘူးနော်"

"အင်းလေ အဲဒါကြောင့်ငါအခုမင်းကိုအစီအစဥ်ပြောပြနေတာလေ…။အစကငါလည်းစိတ်ညစ်နေတာ
အခုဟိုဘိုးတော်ကသေတော့မှာဆိုတော့ မင်းသာငါပြောတဲ့အတိုင်းသေချာလုပ်ရင် အကုန်အဆင်ပြေပြီ"

"David အဖေလား…သေမသေ ဘယ်လိုသေချာလို့ ကျိန်စာတိုက်နေရတာလဲ"

"အသက်ရှင်စရာအကြောင်းမရှိဘူး…ဘယ်ဆရာ၀န်မှမကယ်နိုင်ဘူး…"
ဆိုသည့်Leonအပြောကြောင့်နေမခ မျက်မှောင်ကြုတ်မိသည်။

" ဘာလည်း ဒါလည်းမင်းလက်ချက်ပဲလား…အဆိပ်ခတ်ထားတာလား"

" ငါ့လက်ချက်ဖြစ်တော့ရော ဘာဖြစ်လဲ အခုမှတော့ ဘာမှပြောင်းလဲလို့မရဘူး"

"Leon မင်း…."

" လာစိတ်တိုမနေနဲ့ သူသေမှပဲ မင်းသူငယ်ချင်းအတွက်ပိုကောင်းသွားတာ…ဒီသတင်းကိုငါCarloကိုပြောပြပြီး ကာရံဟိန်းကိုလွှတ်ပေးဖို့ပြောလိုက်မယ်။ သူ့ဘာသာDavid နဲ့သွားတွေ့လိမ့်မယ်။
မင်းကအဲ့အချိန် ငါ့အမေနဲ့အတူထွက်ခဲ့လိုက်"

" ဒီမှာလူတွေအများကြီး ငါထွက်လို့ရမယ်မထင်ဘူး"

Leonစိတ်ကိုဆွဲဆန့်ကာ လေမှုတ်ထုတ်လိုက်သည်။
" သေနတ်တစ်လက်ရအောင်ရှာလိုက်… ပြီးရင်ငါ့အမေကိုပေးပြီး မင်းကိုဓါးစာခံလုပ်ခိုင်းလိုက် "

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ