Season 2 (အပိုင်း ၅)🖤❤🖤

17.8K 1.2K 65
                                    

Uni...
Season 2 (Part 5)

နေမခ အလန့်တကြားပင် ကုတင်ပေါ်မှ ထလိုက်ပြီး.... David နားသွားကာ ဗိုက်ကသွေးတွေကိုစမ်းရင်း
" ခင်ဗျား ဒဏ်ရာရခဲ့တာလား..."
ဟုစိတ်ပူပြီးမေးလိုက်သည်။

သူ့ကိုစိတ်ဝင်တစားနဲ့ မေးလာတဲ့ နေမခကြောင့်
David ပျော်သွားကာ ပြုံးလိုက်မိသည်။

" ဘာဖြစ်လာတာလဲလို့ ဘာကိစ္စပြုံးနေတာလဲ
ဒဏ်ရာရရင်လည်း ဆေးရုံ​ဖြစ်ဖြစ်ပြရမယ်လေ"
နေမခ နားမလည်သည့်ဟန်နဲ့ David အားမျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

" ခ ကိုယ့်ကို စိတ်ပူပေးတာလား။ စိတ်မပူပါနဲ့ ဒါကိုယ့်သွေးတွေမဟုတ်ဘူး။ သူများသွေး ။အရင်ဆေးကြောရမှာကို ခအိပ်ပြီလား သိချင်လို့ ဒီကိုအရင်လာလိုက်တာ"

ထိုအခါမှ နေမခ David အားတွန်းထုတ်လိုက်ပြီး စိတ်ပျက်သလို ကြည့်လိုက်သည်...။

ရုတ်ချည်းပြောင်းလဲသွားတဲ့ နေမခကိုကြည့်ပြီး

" ခ..."

" ခင်ဗျား ထွက်သွားတော့... သွေးတွေနဲ့ ရွံံတယ်"

David အတွက်ဒါတွေက အထူးအဆန်းမဟုတ်ပေမဲ့ နေမခက ရွံ့တယ်ဟုပြောလိုက်တာကြောင့်
" sorry ကိုယ်အရင်သွားသန့်ရှင်းလိုက်အုံးမယ်"
ဆိုကာ အခန်းထဲက ပြန်ထွက်သွားသည်။

နေမခလည်း ထိုအခါမှ ရေချိုးခန်ထဲ ဝင်လိုက်ပြီး သူ့လက်မှာ ပေသွားတဲ့ သွေးအချို့ကို ဆေးကြောလိုက်သည်...။
ပြီးနောက် မှန်မှာပေါ်နေသည့် သူ့ရုပ်သူကြည့်ပြီး သက်ပျင်းတစ်ချက် ချလိုက်လေသည်။

" ဘယ်အချိန်ထိ သူနဲ့ပတ်သတ်နေရအုန်းမှာလဲကွာ..."
သူတကယ်မုန်းသည် တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း သတ်ဖြတ်နေကြတာမျိုး...  လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနေချင်သူက...ထိုအရာတွေနဲ့ ပတ်သတ်ရလိမ့်မယ်ဟု တစ်ခါမှမထင်ခဲ့မိ...။
သို့ပေမဲ့ ခဏက David အား စိတ်ပူသွားသည်မှာတော့ စိတ်ရင်းမှန်ဟုဆိုရပေမည်...။

....

" sorry နော် ဟိန်းမနေ့ညက မလာဖြစ်တာ"
မိုးထက် ကာရံဟိန်းအား ဆေးရုံဆင်းတာလာကူညီရင်း​ တောင်းပန်စကားဆိုလိုက်သည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now