Part 11

44.9K 2.9K 65
                                    

Uni...

Mafiaရဲ့အကြင်နာကြမ်းကြမ်း(My Lovely Mafia)  အပိုင်း ၁၁

" Bright တဲ့လား ငါ့နာမည်က Light
အသက်ကဘယ်လောက်ရှိပြီလဲ"

" ၂၁"

" ဒီအလုပ်ထဲဝင်တာဘယ်လောက်ကြာပြီလဲ "

" ၃လ.."

" ၃လပဲလား ဒါကြောင့် ဖမ်းခံရတာပေါ့ ဒီအလုပ်မလုပ်ခင်ကဘာလုပ်တာလဲ ဒီပြင်သစ်မှာပဲနေတာလား"

" မဟုတ်ဘူး မြန်မာပြည်မှာနေတာ စျေးမှာကုန်ထမ်းတယ်"

" စျေးမှာကုန်ထမ်းရင်းကနေဘယ်လိုလုပ်ဒီထဲဝင်လာရတာလဲ"
Light တစ်ခုပြီးတစ်ခုဆက်တိုက်မေးနေမိသလို Brightကလည်းအကုန်ပြန်ဖြေလာသည်။

" တစ်နေ့စျေးမှာကုန်ထမ်းရင်း မူးယစ်ဆေးဝါးရောင်းဝယ်တဲ့လူတွေရဲ့ ပစ္စည်းတွေကိုသယ်ယူပို့ဆောင်ပေးရင်း Dragon နဲ့ချိတ်မိတာ ဒီအလုပ်လုပ်ရင် ပိုက်ဆံအများကြီးရတယ်လေ အသက်တော့ရင်းရတယ်ဆိုပေမဲ့ပေါ့ ဒါပေမဲ့ လည်းစျေးမှာပဲ ကုန်ထမ်းနေလို့မှမဖြစ်တာ ပိုက်ဆံ များများရှာဖို့လိုတယ်"

" မိသားစု ဝင်တွေရှိသေးလား"

" အဖွားနဲ့ညီမလေး အဖွားကကျန်းမာရေးမကောင်းတာကြောင့် ပိုက်ဆံလိုတယ်"
ပိုက်ဆံဆိုသည့်နေရာတွင်Bright အသံကတိမ်၀င်သွားသည်။

" ခဏက သတ်ချင်သတ်လိုက်လို့ပြောတော့ သူတို့ကိုစိတ်မပူဘူးလား"

"ဟင့်အင်း ပိုက်ဆံ တွေလည်းပေးထားပြီး အဖွားကိုဆေးကုခိုင်းထားပြီ ညီမ​ကလည်း အခုဆိုသူ့ခြေထောက်ပေါ်သူရပ်တည်နိုင်ပါတယ်"
ဘာမှမဖြစ်သလိုပြောနေပေမဲ့ Brightရဲ့မျက်လုံးထဲ ၀မ်းနည်းမှုတစ်ချို့ကိုLightမြင်နေရပါသည်။

" ပညာအရည်အချင်းကရော"

" ၈တန်းထိတက်ဖူးတယ် "

"ဒီလောကကိုမျက်စိလည်လမ်းမှာပြီးရောက်လာတာပဲ"Light ခေါင်းလေးခါရင်းပြောလိုက်တော့

" ကျွန်တော်သေချာမလေ့ကျင့်ရသေးလို့ပါ
ပုံမှန် ဆိုအနည်းဆုံး၆လလောက်လေ့ကျင့်ရတာ အခုကျွန်တော်သုံးလပဲလေ့ကျင့်ရသေးတာ ခဏစခန်းကထွက်ခွင့်ရတုန်း လူရှာတဲ့အဖွဲ့နဲ့ပေါင်းပြီးကျွန်တော့်ကိုထည့်လိုက်တာ ဘယ်သူထင်မှာလဲ လူလေးပဲရှာရတာ အသက်ပါပျောက်မယ့်ကိန်းလို့"Bright မကျေမနပ်သည့်ပုံလေးနဲ့ပြန်ပြောလာသည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now