My Lovely Mafia(Final)

41.2K 2.1K 116
                                    

Uni....

မာဖီးယားရဲ့အကြင်နာကြမ်းကြမ်း (My Lovely Mafia) ဇာတ်သိမ်းပိုင်း

Lucifer စက်ရိပ်လက်ထဲက အရက်ပြန်ပုလင်းကိုယူပြီး အဝေးသို့ လွှင့်ပစ်လိုက်လေသည်။
“ အရိပ်… ဘာတွေလျှောက်လုပ်တာလဲ”
Lucifer မှာတုန်ရီနေသည့် အသံဖြင့်ပြောလိုက်သည်။

စက်ရိပ်သည် တစ်ကိုယ်လုံးတွင် အားမရှိတော့…ပါးစပ် နှာခေါင်းနှင့်ဦးနှောက်ထဲအထိ အရက်ပြန် ၏အခိုးအငွေ့တွေ့က ရိုက်နေပြီး ဒူးပါခွေကျသွားသည်။ Lucifer လက်မောင်းတွေထက် မှီကာအားယူနေရကာ…  အော့အန်၍ ပါးစပ်မှ အရည်ကြည်များ ထွက်ကျလာသည်။
ဗိုက်ထဲတွင်လဲ ပူလောင်နေရပြီး….ခံစားနေရသော ဝေဒနာဆိုးမှာ ပြောမပြနိုင်လောက်အောင်ပင်။

Lucifer စက်ရိပ်အား ပွေ့ချီလိုက်ပြီး အခန်းအပြင်အမြန်ထွက်သည်။
“ Devil ကားအမြန်ပြင် ဆေးရုံသွားမယ် မြန်မြန်” Lucifer မှာသွေးရူးသွေးတန်းဖြင့်အော်ပြောလိုက်သည်။
သူ့အစ်ကိုလည်း သူ့မျက်စိရှေ့မှာတင် သေခဲ့ရပြီးပြီ အခုစက်ရိပ်ပါ ဆိုလျှင် သူရူးလို့သွားနိုင်သည်။

ကားပေါ်တွင် စက်ရိပ်အား ပွေ့ဖက်ထားပေးပြီး မျက်ရည်များပင်ကျဆင်းလို့လာသည်။
စက်ရိပ်ရဲ့ လက်ဖျားခြေဖျားတွေမှာလဲ အေးစက်လို့နေတာကြောင့်
Lucifer စက်ရိပ်၏အေးစက်နေသည့် လက်တွေကို ဆုပ်ကိုင်ထားပေးရင်း
“ မင်း ဘာမှမဖြစ်ရဘူး…။ဘာမှဖြစ်လို့မရဘူးနော်။ကိုယ့်ကိုမထားသွားပါနဲ့။ကိုယ်ရူးသွားလိမ့်မယ်”
ဟု ငိုကြွေးရင်းပြောသည်…။

“ ခင်ဗျား.. ကြတော့ ကျွန်တော့်ကိုစွန့်ပစ်ဖို့လုပ်တာပဲလေ။ကျွန် ကျွန်တော်သေ  … သွားရင်ကျွန်တော် တောင်းဆိုထား...တာလေး …လုပ်ပေးပါနော်။”
စက်ရိပ် မရှိရှိတဲ့ အားတွေကိုစုရင်း…ထစ်ငေါ့စွာ ပြောလာသည်။ ထို့နောက်တွင်တော့ စက်ရိပ်ဆီမှ ဘာစကားသံမှမထွက်လာတော့…  ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း အင်အားများဆုတ်ယုတ်နေပြီဖြစ်သည်။
သူ၏အားပျော့နေသည့်ခန္ဓာကိုယ် တစ်ခုလုံး ကို Lucifer ဆီမှာသာ မှီလို့ထားရသည်။

ဆေးရုံသို့ ရောက်သည်နှင့် စက်ရိပ်ကို ဆေးရုံ
ကုတင်ပေါ်သို့ တင်လိုက်ပြီး…စက်ရိပ် ၏နှာခေါင်းမှတစ်ဆင့်ဝမ်းဗိုက်ထဲသို့
ရောက်သည့်အထိ ပိုက်အကြည်နှစ်ချောင်းကို ထိုးထည့်လိုက်သည်။
စက်ရိပ်မှာ နာကျင်ပင်မယ့်လည်း မရုန်းနိုင်…Lucifer က စက်ရိပ်၏လက်ဖဝါးအေးအေးလေးတွေကို ဆုပ်ကိုင်ထားရုံကလွဲ၍ ဘာမှမတက်နိုင်…။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now