Extra 6 (Ven❤Night)

22K 1.3K 27
                                    

Uni....

မာဖီးယားရဲ့အကြင်နာကြမ်းကြမ်း
(My lovely Mafia) Extra 6

" ဪ ယောက်ျားတွေများ မကောင်းပါဘူး...။ အရင်ကတော့ မင်းကိုနာကျင်အောင်မလုပ်ရက်ပါဘူး။ ဘယ်တော့မှနာကျင်ရအောင် မလုပ်ဘူးလေး
ဘာလေးနဲ့ အခုကျ စားစား ဆိုပြီးကျွေးလိုက်တာနဲ့ အလကားရတဲ့ ဘူဖေးလိုပဲ ကြိတ်လိုက်တာမှ တင်ပါး နှစ်ဖက်လုံးပါ ပျောက်သွားပြီထင်နေတာ"
မနက် မိုးလင်းတော့ ညက တစ်ညလုံး ခံလိုက်ရသည့် မိုးထက်မြင့်မှာ ညည်းတွားနေတာဖြစ်သည်။

ခေတ် အသံမထွက်အောင် ကြိတ်ရယ်လိုက်ပြီး
မိုးထက်နားလေးသွားကာ ပါးလေးအား ရွှတ်ခနဲ မြည်အောင်နမ်းလိုက်သည်။

" ကိုယ်က ဘယ်လိုလုပ်မင်းကိုနာကျင်အောင်လုပ်ရက်ရမှာလဲကွာ... ချစ်လို့ဟာကို"

မိုးထက် ကြက်သည်းထသလို လုပ်ပြရင်း
" အချစ်တွေကလည်း ကြမ်းသလား ကိုမမေးနဲ့ "

" ohh တောင်းပန်ပါတယ် အချစ်လေးရယ်...
မဟုတ်ဘူး တောင်းပန်ပါတယ် ကိုယ့်မိန်းမလေးရယ်..."

" ဘာ... မိန်းမဟုတ်လား"

ခေတ် မိုးထက်မေးလေးအား ဖွဖွဆွဲကိုင်ရင်း
" ဟုတ်တယ်လေ ကလေးက ကိုယ်နဲ့ယူလိုက်ပြီဆိုတော့ ကိုယ့်မိန်းမပဲပေါ့ "

မိုးထက်ကလည်း  ခေတ်လက်ကို ပုတ်ချကာ ခေတ်ပါးနှစ်ဖက်ကို ညစ်လိုက်ပြီး
" အဲဒါဆို ကိုခေတ်လည်း ကျွန်​ေတာ်နဲ့ယူထားတာဆို​​ေတာ့ ကျွန်တော့် မိန်းမပဲလေ...မဟုတ်ဘူးလား ။ မိန်းမရဲ့ "

ခေတ်က မျက်ခုံးနှစ်ဖက်ကို မြင့်တင်လိုက်ရင်း
" ok ဒီလိုဆိုတော့လည်း ဘယ်သူက ဘယ်သူ့မိန်းမလည်း သိအောင် သင်ခန်းစာကိုပြန်နွေးပေးရမှာပေါ့..  လာထား"

" အား...  ကိုခေတ်နော် တရားမလွန်လာနဲ့။ ဟဟ
ဘာလို့ ကလိထိုးထားလဲ.. ဟဟ..ကိုခေတ် လို့..."

မနက်ခင်းမှာ သတို့သားအသစ်စက်စက်လေးနှစ်ယောက်ဆီကနေ ရယ်မော ပျော်ရွှင်သံတွေ ပြန့်လွင့်လို့လာလေရဲ့။

....

မနက်ခင်း မှာ အတွဲကိုယ်စီဖြင့် အားလုံးပျော်ရွှင်နေကြသည် Light ပါမကျန်...။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now