Part 8

58.1K 5.5K 118
                                    

Uni....

Mafiaရဲ့အကြင်နာကြမ်းကြမ်း(My Lovely Mafia)  အပိုင်း ၈

" ပထမဆုံးတစ်ချက်က မာဖီးယား ဂိုဏ်းတစ်ဂိုဏ်းက လူတစ်ယောက်နဲ့ မင်းသူငယ်ချင်းက ရန်ငြိုးရန်စရှိလို့ သူ့ကိုဖမ်းသွားတာ။ ဒါပေမဲ့ လည်းဒီတစ်ချက်ကသိပ်ဖြစ်နိုင်ချေမရှိဘူး။ ဘာလို့ဆို မင်းသူငယ်ချင်းက မသေသေးဘူးလေ။ ရန်ငြိုးရှိလို့ဖမ်းတယ်ဆိုမှတော့ သတ်ပစ်မှာအမှန်။အဲတော့ တစ်အချက်ကသိပ်မဖြစ်နိုင်ဘူး ။

ဒုတိယတစ်ချက် ပြန်ပေးဆွဲခိုင်းတာ တစ်ယောက်ယောက်က မာဖီးယား ဂိုဏ်းကိုကြေးစားငှားပြီး သူ့ကိုပြန်ပေးဆွဲခိုင်းထားတာ

တတိယတစ်ချက်က မင်းသူငယ်ချင်းဆီက သူတို့လိုချင်တာတစ်ခုခုရှိလို့ ခေါ်ထားတာ
အဖြစ်နိုင်ဆုံးက ဒုတိယတစ်ချက်နဲ့ တတိယတစ်ချက်ပဲ"

" တကယ်ပဲ ဘာတွေဖြစ်ထားတာလဲကွာ"

" အဲဒါတော့မင်းသူငယ်ချင်းနဲ့မင်းကိုယ်တိုင်တွေ့ရမှမေးပေါ့။ ဒါနဲ့လေ
နောက်တစ်ချက်ဖြစ်နိုင်သေးတယ်သိလား။ သူ့ကိုမာဖီးယားဂိုဏ်းကလူတစ်ယောက်က သဘောကျလို့ ဖမ်းခေါ်သွားတာမျိုးလဲဖြစ်နိုင်တယ်"

"ဘာ"

" ဟုတ်တယ် ကြုံဖူးတယ် ကောင်မလေးတစ်ယောက် မာဖီးယား ခေါင်းဆောင်တစ်ယောက်ကသဘောကျသွားပြီး ဖမ်းသွားတာ"

ကာရံဟိန်းကမဖြစ်နိုင်ဘူးဆိုသည့်ပုံနဲ့
" မိုးထက်က ယောကျာ်းလေးလေကွာ"

" မာဖီးယားတွေထဲမှာ မိန်းကလေးတွေလည်းရှိတယ်ကွ။ ဒါပေမဲ့ ယောကျာ်းလေးချင်းလည်းမကြိုက်ဘူးလို့ပြောလို့မရဘူးနော် ယောက်ျားလေးချင်းလည်း သဘောကျနိုင်တာပဲ။
သူ့ကိုဖမ်းခေါ်သွားတဲ့ အဖွဲ့ကိုကြည့်ရတာ တော်တော် သြဇာရှိမယ့်ပုံပဲ ရဲတွေတင်မဟုတ်ဘူး တစ်ခြားအရာရှိတွေတောင်ဝင်မပါချင်ဘူးဆိုတော့"

" အဲဒါဆိုငါဘယ်လိုလုပ်ရမလဲ မင်းလည်းဒီရောက်နေတာကြာပြီပဲ တစ်ခုခုမသိဘူးလား"

"သိတာပေါ့ ငါစုံစမ်းထားပါတယ်။ နိုင်ငံရဲ့လူကြီးပိုင်း အရာရှိတော်တော်များများက မာဖီးယားဂိုဏ်းတွေနဲ့ အတူတူပေါင်းစားကြတာ
ငါနဲ့သိတဲ့ ဝန်ကြီး အရာရှိတွေတော်တော်
များများလည်း အဲအဖွဲ့တွေနဲ့ မကင်းကြဘူး။
သူတို့လုံးဝ မျက်စိမှိတ် သဘောကျပြီ ဘာလုပ်လုပ်မျက်ကွယ်ပြုထားပေးတဲ့ မာဖီးယားဂိုဏ်းသုံးဂိုဏ်းရှိတယ် တော်တော်အင်အားကြီးတဲ့ဂိုဏ်းတွေပေါ့ မင်းသူငယ်ချင်းကဖမ်းခံရတာ အဲ့၃ဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်မယ်လို့ထင်တာပဲ"

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now