Extra 2 (Lucifer&စက်ရိပ်🔞)

42.8K 1.9K 131
                                    

Uni...

မာဖီးယားရဲ့အကြင်နာကြမ်းကြမ်း (My Lovely Mafia) Extra 2 🔞🔞

" Night နဲ့ Venကပျောက်သွားတာကြာနေပြီ... တစ်ခုခုများဖြစ်နေလို့လားမသိဘူး"

Bright က Light နားကပ်ကာ စိုးရိမ်သလိုလေးမေးတော့

Light ကအကြောင်းသိနေသူပီပီ နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်သည်။

" ဘာမှမဖြစ်ပါဘူး ညီသူတို့ကိုစိတ်ပူမနေနဲ့ ပြီးတော့ ကိုယ်ပြောထားရအုံးမယ်...။သူတို့နှစ်ယောက် ထဲအတူတူရှိနေတဲ့အချိန် ညီသူတို့နားလုံးဝမကပ်နဲ့နော် ဝေးဝေးကရှောင်..."

"ဗျာ"

Bright ကကြောင်အသွားသလိုလေးလုပ်တော့ Light ကBright ခေါင်းလေးကိုပုတ်လိုက်ပြီး

" ကိုယ့်ကိုယ်ယုံ..ဟုတ်ပြီလား.."

Bright လည်း "ဟုတ်ကဲ့လို့ပြောကာ ခေါင်းလေးငြိမ့်ပြလိုက်သည်။

စက်ရိပ်က ကနေရင်း မောလာဟန်ရှိတော့... Lucifer တို့ဆီအပြေးပြန်လာပြီးစားပွဲပေါ်မှာ ထောင်ထားသည့် ဘီယာပုလင်းကိုဆွဲမော့ဖို့လုပ်သည်။

Lucifer က စက်ရိပ်လက်ထဲက ပြန်လုလိုက်ပြီး ရေထည့်ထားတဲ့ဖန်ခွက်ကိုသာ ထိုးပေးသည်။

" ဘာတုန်း... "

" ရေပဲသောက်..."

"club လာပါတယ်ဆို ရေသောက်ဖို့မှမဟုတ်တာဗျာ..."

စက်ရိပ် မကျေနပ်သလိုလေးပြန်ပြောတော့

" အရိပ် သောက်တာများနေပြီ။ ထပ်မသောက်နဲ့တော့...ပြီးတော့ အရိပ်ရဲ့ဗိုက်ကပူပူလောင်လောင်တွေအများကြီး လက်မခံနိုင်ဘူးလေ။ နောက်မှ ဗိုက်တွေနာနေလိမ့်မယ်.. ကိုယ်မကြည့်ရက်ဘူး" Lucifer ကစက်ရိပ်အား ချော့မေ့ာကာ ပြောလိုက်ရသည်။

ခေတ်နဲ့ အခြားသူတွေကတော့ ထိုနှစ်ယောက်အား မျက်ခုံးပင့်၍သာ ကြည့်နေကြသည်...။

ပြီးမှ ခေတ် မိုးထက်ဆီ ပြန်လှမ်းကြည့်လိုက်တော့ ....မိုးထက် က

ပြင်သစ်မလေးတစ်ယောက်နဲ့ အတူတွဲကနေသည်။

ခေတ်စားပွဲခုံကိုတစ်ချက်ရိုက်ကာ... မိုးထက်ဆီ အပြေးသွားသည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now