Season 2(Part 14)🖤❤️🖤

13.6K 1K 11
                                    

Uni...

Season 2(Part 14)

လေယာဥ်ကဆင်းသက်သည်နှင့်... ကားအနက်ရောင်များဖြင့် လူတွေအများကြီးက စောင့်နေကြသည်။
လေယာဥ်ကွင်းမှာတပ်ဆင်ထားသည့် မီးရောင်များအပြင် ကားမီးတွေအကုန်လုံးကပါဖွင့်ထားတာကြောင့် ထိုနေရာတစ်ခုလုံး လင်းထိန်လို့နေသည်။နေမခ ထိုမြင်ကွင်းအား တအံ့တသြဖြင့်ကြည့်နေမိသည်။ပုံမှန်David နှင့်သွားသည့် နိုင်ငံရေးပွဲတွေတွင်တောင် ဒီကြိုဆိုပုံလောက်မစည်ကား။
David ကနေမခ လက်ဖဝါးလေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး လေယာဥ် လှေကားထစ်များကို နင်းကာတည်ငြိမ်စွာအောက်သို့ဆင်းရင်း
သူ့ကို ကြိုဆိုနေသည့် လူများကို ကျော်ဖြတ်ကာ... ကားထဲသို့ ဝင်လိုက်သည်။

ကားထဲရောက်မှ ခဏကတစ်လုံးမှမဟသော နေမခ ဆီကစကားသံထွက်လာသည်။
" David အရင်တုန်းကရော ဒီလိုမျိုးပဲကြိုကြတာလား"

" အင်း... ဘာဖြစ်လို့လဲ"

" အား တစ်ကယ်ပဲ...ဆင်းတောင်နေခဲ့ချင်ပြီ"
နေမခ မျက်နှာငယ်ဖြင့်ပြောလိုက်သည်။
" အကုန်လုံးက ကြောက်စရာကြီးတွေ "

David နေမခ ပါးလေးကိုဖွဖွ ဆွဲကာဖျက်ခနဲပြုံးလိုက်ပြီးပြောလာသည်။
" ခ ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး။ ကိုယ်တစ်ယောက်လုံးရှိတယ် စိတ်မပူနဲ့"

နေမခ သက်ပျင်းချလိုက်ကာ စိတ်ထဲကနေတွေးလိုက်သည်။
" သူကတော့ ပြောအားရှိမှာပေါ့...ချီးပဲ... ဘာလို့များ အီတလီကိုထပ်လာရတာလဲကွာ ဟိုအဖွားပြောတဲ့အတိုင်းတကယ်ဖြစ်ရင်ဘယ်လိုလုပ်မလဲ။"

အတော်ကြာမောင်းပြီးသည့်အချိန်မှာတော့ ခြံဝင်ကျယ်ကြီးထဲသို့ ကားတွေ ရှေ့ဆင့်နောက်ဆင့် ဝင်ကြသည်...။

ခြံဝင်းက အလွန်ကျယ်ဝန်းကာ... အလယ်တွင် ပန်းခြံကြီးနှင့် ရုပ်တုကြီးတစ်ခုပါရှိသည်။ မီးရောင်စုံတွေဖွင့်ထားသောကြောင့် ထိုမြင်ကွင်းကိုလှလှပပကြီးမြင်နေရလေသည်။

အိမ်တံခါးမကြီးကလည်း အလျားရော အနံရော ရှည်လျားကျယ်ဝန်းလှပြီး ... အိမ်ထဲသို့လျှောက်သည့် လမ်းတစ်လျှောက်တွင် ကော်ဇော်အနီရောင်ကိုလည်း ခင်းကျင်းထားကာ
ဘေးဘက်နံရံတွေပေါ်တွင်လည်း ပန်းချီကားများ၊ အလှပန်းအိုးကြွေထည်များ၊ တန်ဖိုးကြီးပစ္စည်းများစွာ ထားရှိသည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now