Part 15

38.2K 2.4K 40
                                    

Uni

မာဖီးယားရဲ့ အကြင်နာကြမ်းကြမ်း အပိုင်း ၁၅(My lovely Mafia)

မိုးထက် မနက်နိုးလာသည် သို့ပေမဲ့ ထလို့တော့မရ ခေတ်မင်းသစ်က သူ့အားတင်းတင်းကျပ်ကျပ်ဖက်ထားတာကြောင့်ပင်...။
မိုးထက် ခေတ်လက်ကို ဆွဲဖယ်ကာထမည်လုပ်တော့ ခေတ်က
" မထပါနဲ့အုံးကွာ အစောကြီးရှိသေးတယ်"

" ကျွန်တော် ဗိုက်ဆာနေပြီကိုထက်ရဲ့ "

ခေတ် မိုးထက်နဲ့အတူအိပ်ချင်သေးပင်မဲ့ သူ့ baby လေးကိုတော့ အဆာခံခိုင်းလို့မဖြစ်

"ဟုတ်ပါပြီ သွားစားကြတာပေါ့ " ခေတ် မိုးထက်ပါးလေးအားနမ်းရင်းပြောလိုက်သည်။

" ကျွန်တော် ကိုခေတ်ကို မနက်စာ လုပ်ကျွေးမယ် လုံးဝ special နော်"

" ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး မြန်မြန်သွားရအောင်"

" အခွင့်အရေးယူဖို့ပဲ ချောင်းနေ"

မိုးထက်တို့ မျက်နှာတွေ ဘာတွေသစ်ပြီးတော့
မီးဖိုချောင်ခန်းထဲကို ထွက်လာကြသည်။ အလုပ်သမားတွေကို အပြင်ထွက်ခိုင်းလိုက်ပြီး
မိုးထက်က အေပရွန်လေးကို ဝတ်လိုက်သည်။
ဝက်သား၊ ပြောင်းဖူး၊ မုန်လာဥနီ တွေနဲ့ ထမင်းကြော်လိုက်ပြီး
နောက်ထက်ကြက်ဥလိပ်လေး နဲ့ sausage လေးပါထပ်ကြော်လိုက်သည်။
ခေတ်ကလည်း မိုးထက်ကို ကူပြီ ပန်းကန်းတွေဘာတွေ ချပေးသည်။
မိုးထက် ချက်ပြီးသွားတော့ အေပရွန်လေးကိုပြန်ချွတ်လိုက်ကာ
စားပွဲမှာ ဝင်ထိုင်ရင်း
" ကျွန်တော်လေ ကျွန်တော့်ကောင်မလေးရှိခဲ့ရင် နေ့တိုင်းမနက်စာတော့ ဖြစ်အောင်လုပ်ကျွေးမယ် ဆိုပြီးစဥ်းစားထားတာ "လို့ပြောတော့ ခေတ်က မကျေနပ်ဘူးဆိုသည့်အကြည့်လေးနဲ့ မိုးထက်အားကြည့်လိုက်သည်။

မိုးထက်က ရယ်ရင်း ခေတ်ပါးကို လှမ်းဆွဲလိုက်ကာ
"အခု ကောင်မလေးမရပဲ အခုလိုအရမ်းချောတဲ့ ကောင်လေးရသွားတော့ မနက်စာရော နေ့လည်စာရော ညစာပါ အကုန်လုပ်ကျွေးဖို့ ဆုံးဖြတ်လိုက်ပြီ"

ခေတ်လည်း အခုမှကျေနပ်သွားကာ
" ကိုယ်လည်း ထက်လေးလုပ်ကျွေးတာကို အမြဲစားချင်ပေမဲ့ ထက် ကိုနေ့တိုင်းအပင်ပန်းခံပြီး မလုပ်စေချင်ဘူး မနက်စာလောက်ဆိုရပါပြီ"

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now