Part 3

76.3K 4.3K 144
                                    

Uni....

Mafiaရဲ့အကြင်နာကြမ်းကြမ်း(My Lovely Mafia)  အပိုင်း ၃

မိုးထက်မြင့်အားမြင်သည်နှင့်
"Baby နိုးလာပြီလား လာဒီကိုလာထိုင်"ဆိုပြီးခေတ်ပြုံးပြုံးလေး ပြောလိုက်သည်။

မိုးထက်စိတ်ထဲ" သေနာကောင် အရှက်ကိုမရှိဘူး baby baby နဲ့တော်တော်ကလေးအဖေဖြစ်ချင်နေပုံပဲ"ဟုတွေးလိုက်တော့

ခေတ်က မိုးထက်စိတ်ကို သိနေသည့်အတိုင်းပြောသည်။
"Baby အဲ့မှာရပ်ပြီးဘာတွေစဥ်းစားနေတာလဲ
ကိုယ့်ကိုကျိန်ဆဲနေတာလား။"

" ဘာမှမဟုတ်ပါဘူး " မိုးထက်လည်း စားပွဲမှာသွားထိုင်ကာ စားစရာရှိတာစားလိုက်သည်။ပြီးတော့မှ
" ခင်ဗျား ကျွန်တော့်ကိုဘယ်တော့ပြန်လွှတ်ပေးမှာလဲ"

ဘာမှပြန်မပြောဘဲ သူ့ကိုစူးစိုက်ကြည့်လာတဲ့ခေတ်ကြောင့် မိုးထက်သူ့ပါးစပ်သူ လက်နဲ့အသာလေးရိုက်လိုက်ကာ ပြီးမှပြန်ပြောင်းပြောရသည်။
" ကျွန်တော့်ကိုဘယ်တော့ပြန်လွှတ်ပေးမှာလဲ ကိုခေတ်"

" baby ဘယ်လိုထင်လဲ "

" ဟင်..."

"မလွှတ်ပေးဘူး တစ်သက်လုံးကိုယ်နဲ့ပဲနေတော့"
ခေတ်က ရုပ်တည်ကြီးနဲ့ ပြောလာတာကြောင့်

" ဘာ ရူးနေလား ဘာကိစ္စတစ်သက်လုံးနေရမှာလဲ။ ကျွန်တော်အိမ်ပြန်ရအုံးမှာကျွန်တော့်အဖေလည်း ကျွန်တော့်ကိုမျှော်နေမှာ ပြီးတော့ကျွန်တော်ပျောက်မှန်းသိရင် အခုသူတို့တွေလိုက်ရှာနေလောက်ပြီ"

" သူတို့ဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူး။ ကိုယ်အလောင်းအတုတစ်ခုလုပ်ပြီးပြီး သိပ်မကြာခင် သူ့တို့က baby သေသွားပြီး လို့ပဲထင်နေကြတော့မှာ"

မိုးထက်စားပွဲကိုလက်နဲ့ရိုက်ကာထရပ်လိုက်ပြီး
" ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ အလုပ်လဲ။ခင်ဗျား လိုအရူးကောင်နဲ့ ကျွန်တော်ကဘာကိစ္စအတူတူနေရမှာလဲ"

ခေတ်မင်းသစ်အံကြိတ်လိုက်ကာ
"အင်း ကိုယ့်လိုအရူးကောင်နဲ့ပဲတစ်သက်လုံးနေရမှာ baby လိမ္မာဖို့တော့လိုမယ်"

" ဘောကို လိမ္မာရမှာလား။ ဘာကိစ္စနဲ့လဲ ခင်ဗျားရဲ့လက်အောက်မှာတော့ လုံးဝမနေဘူး။ သူသေကိုယ်သေပဲ"မိုးထက်ပြောရင်းပြောရင်းစိတ်တိုလာလေသည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now