Season 2 (Part 17)ဒုတိယပိုင်း 🖤❤️🖤

13.3K 1K 12
                                    

Uni

Season 2 (Part 17)ဒုတိယပိုင်း

David ပင်လယ်ကမ်းခြေတစ်လျှောက် လမ်းလျှောက်လာခဲ့ရင်း …ကျောက်ဆောင်တစ်ခုအောက်ခုန်ဆင်းကာ ခတ္တနားလိုက်သည်။…ဗိုက်ကဒဏ်ရာကိုငုံကြည့်ရင်း စုတ်သတ်မိလိုက်သေးသည်…။
December 12ရက် David Sivan၏၂၄နှစ်ပြည့်မွေးနေ့လေးပင် ဒီနေ့မှာပင် သူ့အားအသေလိုက်သတ်နေကြသည့် လူတစ်စု…။
အမှောင်ထဲမှာပင် မြင်ရသည့် သူ့နာရီအားငုံကြည့်မိသည်…။ မကြာခင် သူ့လူတွေသူ့ကိုရှာတွေ့ကြမှာကျိန်းသေပါသည်။ ထို့ကြောင့် ထိုနေရာမှာသာ ခေတ္တနားနေရန် ဆုံးဖြတ်လိုက်တော့သည်။အမှောင်ထဲမှာ ကျောက်ဆောင်ကိုမှီကာ…တိုက်ခတ်နေသည့် ပင်လယ်လေကို အသက်ပြင်းပြင်းရှူကာပင့်သက်ရှိူက်လိုက်သည်။ပင်လယ်လှိုင်းသံတွေကိုနားထောင်နေရင်း
လက်ကသေနတ်ကိုလည်း တင်းတင်းဆုပ်ကိုင်ထားမိသည်…။လူတစ်ယောက်လာသည့်အသံကိုကြားတာကြောင့် ခန္ဓာကိုယ်ကိုမတ်လိုက်ကာ သေချာနားစွင့်လိုက်သည်။

" မာဖီးယားဆိုပဲ… ငါကဘာလို့အဲ့လိုမျိုးတွေနဲ့ပတ်သတ်စရာအကြောင်းရှိမှာလည်း"

မြန်မာလို စကားပြောလာသည့် အသံကြားတာကြောင့် သူ့နောက်လိုက်လာသည့် သူတွေမဟုတ်မှန်းတော့သိလိုက်သည်…။ ထို့ကြောင့် တိတ်တိတ်လေးသာနေနေရန် စဥ်းစားလိုက်သော်လည်း သူ့ကိုလိုက်သတ်သည့် လူတွေနဲ့တိုးလျှင် ထိုကောင်လေးအန္တရာယ်ရှိနိုင်သည်။

ပုံမှန်ဆို ဘယ်သူ့ကိုမှဂရုမစိုက်တက်ပေမဲ့ ဘာကြောင့်မှန်းမသိ ထိုကောင်လေး၏ခြေထောက်ကိုလှမ်းဆွဲမိလိုက်သည်။ သူ့ရင်ခွင်ထဲပြုတ်ကျလာသည့် ကောင်လေးက လန့်သွားဟန်ရှိပြီး ပါးစပ်လေးက အနည်းငယ်ပွင့်ဟနေကာ မျက်လုံးလေးမှာလဲ အရောင်တလဲ့လဲ့ဖြင့် ထိတ်လန့်မှုအပြည့် လရောင်ကလည်း ဖြာကျနေပြီး ချောမောပြီးသားရုပ်ရည်လေးကို ပို၍ထင်ရှားအောင် ဖြည့်စွက်ပေးနေသယောင်
ပါးပြင်နဲ့ နားရွက်လေးတွေမှာ အအေးဓါတ်ကြောင့် အနီေရာင်ပင်သန်းနေသလို
ချောမွေ့ကာ မျက်နှာထက် အနာတရများလုံးဝမရှိ ကိုယ်သင်းနံ့လေးကအစ နွေးထွေးမွှေးပျံ့နေသည်။

( My Lovely Mafia )Mafia ရဲ့အကြင်နာကြမ်းကြမ်း Season 1+2🖤Where stories live. Discover now