/၉/

750 103 5
                                    

အချိန်အားဖြင့် ည ၁၁ နာရီပင်

အခုထိဂျောင်ကုမအိပ်ရသေး
အကြောင်းမှာဒုဓလီလေးအငို
မတိတ်လို့ပင်။

"ဒုဓလီလေး ကိုအခုမင်းအနား
ပြန်ရောက်နေပြီလေ ဘာလို့ငိုနေရသေးတာလဲ'

"မဟုတ်ဘူး ဂျောင်ကု'

ခေါင်းကိုအတွင်တွင်ခါကာ
သူ့အားတစ်ခုခုပြောဖို့ကြိုးစားနေတဲ့ဒုဓလီ
လေးဟာ ငိုရလို့မောပြီး စကားတစ်ခွန်း
ထွက်လာဖို့ကို အားယူနေရတာ
သိပ်သိသာသည်။

"ဟေးဟေး စိတ်ကိုပိုရင်လျှော့
အသက်ဖြေးဖြေးရှူ'

ဝေဒနာသည်ဂျောင်ကုကိုယ်တိုင်က
ဘာမှမဖြစ်ရသေးပဲ ချစ်သူရသူလေးကို
ပြန်ဂရုစိုက်နေရသည်။

ဒုဓလီလေးလဲဂျောင်ကုပြောသလိုလုပ်ပြီးမှ
ဂျောင်ကုဘက်လှည့်ကာ စကားဟတော့သည်။

"တိုက်ဆိုင်နေတယ်လေဂျောင်ကု
ဆရာ၀န်ကခွဲစိတ်ဖို့ရက်ကိုမနက်ဖြန်
ချိန်းပေးထားတာလေ ကျတော်ပြောချင်တာက
အတိတ်မှာတုန်းကလဲ မနက်ဖြန်ကဂျောင်ကု
ခွဲစိတ်ရမယ့်နေ့မဟုတ်ပေမယ့် ကျတော်သွေး
လှူမလို့လမ်းမှာလာနေတဲ့အချိန်မှာ ဂျောင်ကု
ဂျောင်ကု....'

အတိတ်ကိုပြင်လို့မရဘူးဆိုတဲ့အမှန်တရားကို
ဂျောင်ကုသိသည်။ သို့ပေမယ့်လည်းသူ
မျှော်လင့်ချက်လေးထားချင်သည်။
ဘာမှမပြောလိုတော့ပါပဲ ဒုဓလီလေးကို
ရင်ခွင်ထဲသာသွင်းထားလိုက်တော့သည်။

"ပြေသွားမှာပါ အဲ့တုန်းကဒုဓလီလေး
ရောက်မလာနိုင်ခဲ့လို့မဟုတ်လား
အခုဒုဓလီလေးကမောင့်နားရှိနေတယ်
မဟုတ်လား'

"အင်း ဟုတ်တယ်'

"အတိတ်ကိုပြုပြင်လို့မရဘူးဆိုတာ
ကိုသိတယ် ဒါပေမယ့်ဒုဓလီပွင့်လေးတွေက
ကိုတို့ကိုအခွင့်အရေးပေးမှာပါ
ဟုတ်တယ်မဟုတ်လား'

ဂျောင်ကုချော့မြူပြောတော့မှာ
ဒုဓလီလေးဟာခေါင်းတငြိမ့်ငြိမ့်နဲ့
ငြိမ်ကျသွားတော့သည်။

"အိပ်ရေးတွေပျက်နေတော့မယ်
ကိုနဲ့အိပ်မယ် လာ'

တစ်ယောက်အိပ်ကုတင်ပေမယ့်
ကျယ်တာမို့ ဂျောင်ကုဒုဓလီလေးကို
ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ ချော့မြူရင်း
အိပ်စက်လိုက်တော့သည်။

ဒုဓလီထယ် (season-2)Opowieści tętniące życiem. Odkryj je teraz