ဆေးရုံကုတင်ပေါ်က
မေ့လဲနေတဲ့ဂျောင်ကုကိုကြည့်ပြီး ထယ်ယောင်း
ငူငူငိုင်ငိုင်ကြည့်ပြီး တွေဝေနေမိသည်။ခုနကဆရာ၀န်ပြောသွားတာက
ဂျောင်ကု ကအကောင်းကြီးကနေ
ကင်ဆာပိုင်းကပိုထိလာတာတဲ့။သူအချိန်ကိုနောက်ပြန်မဆုတ်ခင်က
ဂျောင်ကုဒီလိုအချိန်သူနဲ့ရှိနေတုန်းက
တစ်ကယ်ကိုအကောင်းကြီးပါ အခုထဖြစ်
တာကအချိန်နောက်ပြန်ဆုတ်လို့ သူဂျောင်ကုကိကယ်ဖို့အချိန်ကတိုတောင်းနေတာလား။
တစ်ကယ့်တစ်ကယ်ကျ ထယ်ယောင်း
ဘလိုကယ်ရမလဲမသိသေးပေ။"အ့ ငါ့ခေါင်း'
ရုတ်တရက်ကြီးဂျောင်ကု
နိုးလာတော့ အပြင်မှာစောင့်နေတဲ့
မင်ယူနဲ့နသန်ကိုပါထယ်ယောင်းပြေး
ခေါ်ပြီး ဆရာ၀န်ကလည်းလာပြီး
ဆေးပြန်စစ်ပေးသည်။အပြင်ကိုထွက်ပြီးနသန်တို့နှင့်
လိုအပ်တာတွေသောက်ရမည့်ဆေးတွေကို
ပိုပေးနေသည် အခန်းထဲမှာကျန်ခဲ့တာက
ဒုဓလီလေးရယ် ဂျောင်ကုရယ်သာ။"ဂျောင်ကု အဆင်ပြေရဲ့လား
ဘယ်နားနာနေသေးလဲ ကျတော့်ကိုပြောလေ
ရေသောက်ချင်လား နေဦးနော်'ထယ်ယောင်းအမြန်ပင်ထကာ
ရေခပ်ပေးနေစဉ်။"မောင်လို့ပြန်ခေါ်ပါဦးလား ဒုဓလီလေး'
*ခွမ်း*
ဂျောင်ကုက မဟုတ်မှ
အတိတ်ကိုမှတ်မိနေတာလား။"သခင် ဘာဖြစ်လို့လဲ'
ထယ်ယောင်းဂျောင်ကုကိုကြောင်ကြည့်
နေတုန်းမင်ယူနဲ့နသန်က၀င်လာသည်။"ဘာမှမဖြစ်ဘူး
ငါတို့ ပြန်ကြတော့မလား'"သခင်ဒီမှာအနားယူဖို့လိုသေးတယ်'
"ဒုဓလီလေးတို့နေရာပဲ
ပြန်ကြမယ်လေ'ဂျောင်ကုကသာမင်ယူတို့နဲ့ပြောနေတာ
ထယ်ယောင်းကအခုထိငူငူငိုင်ငိုင်ကြီး
ဂျောင်ကုကိုကြည့်ပြီးကြောင်နေတုန်း။ခုနကမောင်လို့သုံးနှုန်းလိုက်တာ
ဒုဓလီလေးသေချာကြားလိုက်ပါသည်။"ငါတော့ပြန်ချင်နေပြီ
ဟိုမှာကအနားယူလို့ကောင်းတယ်လေ
မင်ယူကားသွားပြင် စံအိမ်ကိုမ၀င်တော့ဘူး
တန်းပြန်မယ်'
YOU ARE READING
ဒုဓလီထယ် (season-2)
Fanfictionတစ်ဖန်ပြန်လာဦးမှာ..မင်းကိုရဖို့ပဲမောင်။ Song_Tie me down