/၅/

985 129 4
                                    

"ကျွတ် ကျွတ်'

ဂျောင်ကု ဒုဓလီလေးကိုချီပြီး
အိပ်ယာပေါ်တင်ပေးနေတုန်း လှုပ်လာသောကြောင့် အိပ်ရေးပျက်သွားမှာစိုးသဖြင့်
ကလေးတွေချော့သိပ်သလိုဖင်လေးကိုပုတ်ပြီး
အသံလေးလုပ်လိုက်မှ ပြန်အိပ်ပျော်သွားသည်။
ပြီးတာနဲ့ အခန်းထဲကထွက်လာပြီး
မင်ယူနဲ့နသန်ကိုခေါ်ကာ ဧည့်ခန်းမှာ
စကားပြောနေလိုက်သည်။

အချိန်ကမှောင်ရီစပြိုးနေပြီမို့
ညစာစားဖို့နှိုးမနေတော့ပဲ အိပ်ခိုင်းထားလိုက်သည်။

"သခင် သန်ဘက်ခါပြန်မယ်မလား'

နသန်လာချပေးတဲ့ကော်ဖီကို‌
သောက်နေတုန်း မင်ယူဆီကစကားသံ
ထွက်လာသည်။

"အင်း ဒုဓလီလေးသွားချင်တဲ့နေရာတွေကို
လိုက်ပို့ပေးဦးမယ်လေ ရောက်တုန်းရောက်ခိုက်'

"ကောင်းပါပြီ'

ဧည့်ခန်းအတွင်း၀ယ်
ထိုအတိုင်းသာ တိတ်ဆိတ်နေခဲ့တော့သည်။
_______________________________________

နောက်တစ်နေ့မနက် ထယ်ယောင်း
အပြင်သွားဖို့ပြင်ဆင်နေတော့သည်။
ဂျောင်ကုကလာနှိုးသွားပြီး သွားချင်တာလိုက်ပို့
ပေးမည်ဟုပြောတာကြောင့် မြန်မြန်ပြင်ဆင်ကာ
အိမ်အောက်ထပ်ကိုဟိုကြည့်ဒီကြည့်လုပ်ရင်း
ဆင်းလာခဲ့တော့သည်။

အိမ်ကြီးကတော်တော်ကိုကောင်းသည်
ပစ္စည်းတစ်ခုချင်းစီကအစဈေးသိပ်ကြီးမှန်း
သိသာသည်။

"ဒုဓလီလေး လာလေ
မနက်စာစားကြမယ်'

ထယ်ယောင်းအောက်ထပ်ဆင်းပြီး
ဂျောင်ကုဘက်ကြည့်လိုက်တော့ မီးဖိုချောင်
ထဲမှာသူ့တပည့်နှစ်ယောက် မင်ယူနဲ့နသန်ကပါ
သူနဲ့တူတူမနက်စာလုပ်နေပုံရသည်။

သူလည်းခုံမှာ၀င်ထိုင်လိုက်ပြီး
ဂျောငိကုတို့ကိုစကားစလိုက်သာ်။

"ကျတော်လုပ်ပေးမှာပေါ့ ကျတော်ကဧည့်သည်ပဲကို ဒီလောက်ထိ‌လုပ်ပေးနေကြရတယ်
အားနာပါတယ်'

"ရပါတယ်မလိုပါဘူး ကိုတို့လုပ်ပေးနိုင်ပါတယ်'

ဂျောင်ကုအပြောကိုမင်ယူနဲ့နသန်က
လက်ခံသလိုခေါင်းငြိမ့်ပြတာကြောင့်
ထယ်ယောင်းလည်းဘာမှ‌ပြောမနေတော့ပဲ
ပြင်ပေးတဲ့မနက်စာကိုသာစားနေလိုက်တော့သည် ဂျောင်ကုကတော့မင်ယူနဲ့နသန်ကို
အလုပ်ကိစ္စမေးနေပုံရသည် ဘာမှနားမလည်တာမို့ ဘေးလူလိုသာနေနေလိုက်သည်။

ဒုဓလီထယ် (season-2)Where stories live. Discover now