/၇/

827 118 8
                                    

"လွမ်းနေခဲ့တာ မောင်လေ အရမ်းပဲ
လွမ်းနေခဲ့တာ'

ဖြစ်ကြောင်းကုန်စင်သိပြီး
ဂျောင်ကုလည်းငိုကြွေးကာ ဒုဓလီလေးအား
ဖက်ထားလိုက်သည်။

ကျဆင်းလာတဲ့မျက်ရည်တွေဟာ
၀မ်းသာ၍လည်းပျော်၍လားသူမသိပေ
သူကသေပြီးသားလူတစ်ဦးပင်
ဒုဓလီလေးဟာသိသိလျက်နဲ့ရူးမိုက်စွာ
သူ့ကိုပြန်ခေါ်ဖို့ ရွေးချယ်လိုက်သည်တဲ့လား
ရူးမိုက်လိုက်တာအချစ်ရယ်။

"ထပ်ပြီးထားမသွားပါနဲ့
ရောဂါပျောက်အောင်ကုပါ မောင်ရယ်'

"အင်း မောင်ကုမယ်
ဒီတစ်ခါတော့ထားမသွားချင်ဘူး
ထားမသွားနိုင်တော့ဘူး'

ထိုညကဒုဓလီတွေကြားထဲ၀ယ်
ဂျောင်ကုရင်ခွင်ထဲဒုဓလီလေးလည်းငိုလို့
မောကာ နှစ်ဦးသားတစ်ညလုံးအိပ်ပျော်နေခဲ့သည်။
_______________________________________

"နှစ်ယောက်လုံးပြန်လာကြပြီပဲ'

ဦးလေးချွိုင် မနက်စာပြင်နေတုန်း
မင်ယူနဲ့နသန်ကလည်းဘေးနားကနေကူပေး
နေကြသည်။ထိုအချိန် တစ်ယောက်လက်
တစ်ယောက်တွဲကာအိမ်ထဲ၀င်လာကြတဲ့
သားထယ်နဲ့ဂျောင်ကုကိုမြင်ပြီး ခေါ်လိုက်တော့
မနက်စာဝိုင်းမှာ၀င်ထိုင်လိုက်ကြတဲ့
နှစ်ယောက်။

"ကော်ဖီသောက်မလား ဦးလေးထည့်ပေးမယ်'

နှစ်ယောက်လုံးခေါင်းငြိမ့်တာကြောင့်
မင်ယူနဲ့နသန်က သူတို့နှစ်ယောက်အတွက်
ခွက်လေးခံပေးရင်း ဦးလေးချွိုင်က
ရေနွေးကရားအိုးကိုကိုင်ကာ ကော်ဖီငှဲ့ပေးနေရင်း
ရှိသေး...။

"ကျတော်တို့တွဲနေပြီ'

*ဂွက်!*

ရုတ်တရက်ဂျောင်ကုဆီကထွက်လာတဲ့
စကားကြောင့်ခွက်တစ်ခွက်စီကိုင်ထားတဲ့
တပည့်နှစ်ယောက်လည်း ခွက်တွေကို
လွတ်ချမိသွားသည်။
တော်သေးသည် အကွာအဝေးကစားပွဲနဲ့
မတိမ်းမယိမ်းပဲမို့မကွဲသွားပေ။

ထို့အတူဦးလေးချွိုင်မှာလည်း
ရေနွေးအိုးကြီးကိုင်လျက်ပင် လူငယ်
နှစ်ယောက်အားတအံ့တဩကြည့်နေမိသည်
ပြီးမှကိုယ်ရှိန်သက်ကာ။

"အင်းကွယ် လူငယ်တွေပဲသဘာ၀ပါပဲ
သားထယ်သဘောပဲဦးလေးကကန့်ကွက်
စရာမရှိပါဘူး'

ဒုဓလီထယ် (season-2)Tahanan ng mga kuwento. Tumuklas ngayon