/၈/

731 102 5
                                    

"ဂျောင်ကု အခုမှရောက်တာဘာလို့
အပြင်ထွက်ချင်နေရတာလဲ'

ဆေးရုံအရောက် မင်ယူနဲ့နသန်က
ဆရာ၀န်နဲ့စကားသွားပြောနေတုန်း
ဆေးရုံခန်းအတွင်းဂျောင်ကုနဲ့ဒုဓလီလေးသာ
ကျန်ခဲ့သည်။

ဂျောင်ကုကရောက်ရောက်ချင်းကိုနားမနေပဲ
အပြင်ထွက်ပြီးလေညှင်းခံချင်တယ်လုပ်နေလို့
ဒုဓလီလေးမှာစိတ်ဆိုးမာန်ဆိုးပြောရသည်။

"ကိုလေညှင်းခံချင်တယ်လေဒုဓလီလေးရဲ့
ဒီအခန်းကစိတ်ကျဉ်းကျပ်တယ် အရမ်းပဲ'

"ဘာလို့ကျဉ်းကျပ်ရမှာလဲ
လေကောင်းလေသန့်အရဆုံးအခန်း
ဈေးအကြီးဆုံးနဲ့အကောင်းဆုံးအခန်းကိုမှ
မင်ယူနဲ့နသန်ကရွေးပေးထားတာလေ'

ဒုဓလီလေးသေချာပြောကာမှဂျောင်ကုက
ဘာမှမပြောတော့ပဲကုတင်ပေါ်မှာလှဲနေသည်။

"ဘာစားချင်လဲသခင်နဲ့သခင်လေးတို့
ကျတော်တို့သွား၀ယ်ပေးမယ်လေ'

ဆရာ၀န်နဲ့စကားပြောပြီး
ပြန်လာတဲ့မင်ယူနဲ့နသန်က ဒုဓလီလေးနဲ့သူ့
အားမေးလေသည်။

"ကျတော်ကမဆာသေးဘူးရယ်
ဂျောင်ကုအတွက်တည့်မယ့်အစားအစာလေး
နည်းနည်းလောက်၀ယ်ခဲ့ရင်ရပါပြီ
အကိုမင်ယူနဲ့နသန်တို့ကောမစားရသေးဘူး
မဟုတ်လား တစ်ခါတည်းတစ်ခုခု
၀င်စားခဲ့ပါ'

ဂျောင်ကုကတော့ဘာမှ၀င်မပြောတော့
သူ့ချစ်ရသူလေးစီစဉ်ပေးသမျှကိုသာ
လက်ခံဖို့တွေးထားလိုက်သည်။

မင်ယူနဲ့နသန်ထွက်သွားတော့...

"ကိုယ်ဗိုက်မဆာပါဘူး ဒုဓလီလေးရဲ့'

"မဆာလည်းစားကိုစားရမှာလေ
ကျန်းမာရေးကောငိးဖို့ပဲ မဟုတ်လား'

"အဲ့အစား မင်းကိုစားမယ်လေ'

ပစ္စည်းထုပ်အနည်းငယ်ကိုဖွင့်နေတဲ့
ဒုဓလီလေး ဂျောင်ကုကိုမျက်စိပြူးကာ
လှည့်ကြည့်လိုက်သည်။

"ဘာရယ်'

"စတာပါကိုကစတာ'

"ဟင်း ပြီးတာပဲ'

တိတ်ဆိတ်သွားတဲ့အခန်းတွင်း၀ယ်
ဂျောင်ကုတိတ်တဆိတ်ပင် ကုတင်ကထကာ
ဒုဓလီလေးကိုနောက်ကနေလှမ်းဖက်လိုက်သည်။

ဒုဓလီထယ် (season-2)Where stories live. Discover now