"ဘာ..ဘာပြောတာလဲ ဒေါက်တာ'
"လူနာအသက်ဆုံးရှုံးသွားပါပြီ'
ကြမ်းပြင်အောက်ထိုင်ချလိုက်မိကာ
မဖြေဆည်နိုင်တဲ့၀မ်းနည်းမှုတွေနဲ့နာကျင်မှု
တွေကိုသူတပွေ့ကြီးထွေးပိုက်လိုက်ရသလိုပင်
ချစ်ရသောမောင်ကိုအတတ်နိုင်ဆုံးထိ
လုပ်ပေးနိုင်မယ်ထင်ခဲ့တာ နောက်ဆုံးတော့လည်း
မောင့်ကိုဆုံးရှုံးခဲ့ရတာတဲ့လား
ဒုဓလီလေးကြေကွဲ၀မ်းနည်းနေရပြီ။"ထယ်ယောင်း သတိထားဦး'
မင်ယူနဲ့ဂျွန်နသန်ကသူ့ကိုလှမ်းထိန်းသည်
သို့သော် စကားတွေကိုလည်းသူကိုယ်တိုင်
ကြားတစ်ချက်မကြားတစ်ချက်ထယ်ယောင်းတင်ငိုနေခဲ့တာမဟုတ်ပါ
မင်ယူတို့နှစ်ယောက်လည်း ယောက်ကျားရင့်မာ
ကြီးတွေပေမယ့် ငိုကြွေးနေခဲ့ကြသည်။ဂျောင်ကုဆုံးပြီးတရက်လောက်အကြာမှာပဲ
မီးသဂြိုလ်ခဲ့တယ်အရိုးပြာအိုးကို
ဒုဓလီထယ် သာသူ့ဒယ်ချွန်းရွာ လေးကိုသာ
သယ်ခဲ့ပြီး ကိုယ်တိုင်လည်းပြန်ရောက်နေပြီ။
အခုကမောင်ဆုံးတာမနက်ဖြန်ဆို
တစ်လပြည့်ပြီ လူကိုယ်တိုင်ကတော့
စိတ်မဖြေနိုင်သေးသလိုမောင့်ကို
အသည်းခိုက်မတတ်လွမ်းဆွေးနေတုန်း။"သားထယ် ထမင်းစားပါဦး'
အခန်းအပြင်ကနေတံခါးခေါက်ကာ
လာပြောတဲ့ဦးလေးချွိုင်ကိုသူမစားချင်သေးဘူး
ဟုသာပြောမိလိုက်သည်"သားထယ် ထမင်းလေးနည်းနည်းတော့
၀င်အောင်စားပါဦး'"တကယ် မစားချင်တာမို့
တစ်ယောက်တည်းနေပါရေစေ ဦးလေးချွိုင်'သက်ပြင်းချသံခပ်ယဲ့ယဲ့ကြားလိုက်ရသည်
ဦးလေးချွိုင်ကိုယ်တိုင်လည်း ၀မ်းနည်းနေတာ
သိပါသည် သို့ပေမယ့်သူတို့တွေ၀မ်းနည်းတာ
ဒုဓလီထယ်ကိုမှီမှာတဲ့လား။"မောင် ငါမင်းကိုလွမ်းတယ် အရမ်းပဲ
နာကျင်ရတာလည်းပြောမတတ်ပါပဲ
ငါသာမင်းဆီအမြန်ဆုံးရောက်လာသင့်တာ
ရောက်လာခဲ့ရင် မင်းကိုမဆုံးရှုံးရဘူး'တစ်ယောက်တည်းစကားတွေပြောပြီး
အခန်းအလုံပိတ်ကာနေနေတာမောင်မရှိတော့
တည်းကပင် မင်ယူနဲ့ဂျွန်နသန်ကလည်း
Seoul မှာလုပ်စရာတွေရှိလို့ဆိုကာ
လွန်ခဲ့တဲ့သုံးရက်လောက်တည်းကပြန်သွားတာ
အခုထိကိုပြန်မလာသေးပင်
YOU ARE READING
ဒုဓလီထယ် (season-2)
Fanfictionတစ်ဖန်ပြန်လာဦးမှာ..မင်းကိုရဖို့ပဲမောင်။ Song_Tie me down