"ကျောင်းသား ဥက္ကဌ ကင်မ် ထစမ်း
မင်းဒီရန်ဖြစ်နေတဲ့ကျောင်းသားနှစ်ယောက်
ကိုတောင် မထိန်းနိုင်ဘူးလား ဟမ်'Seoulမြို့ရဲ့ တက္ကသိုလ်ကျောင်းကြီး၀ယ်
ကျောင်းသားဥက္ကဌ ကင်မ်ထယ်ယောင်းမှာ
ကျောင်းအုပ်ကြီးရဲ့ဆူပူမှုကိုခံနေရတော့သည်။သူ့နာမည်ကကင်မ်ထယ်ယောင်း
အသက်က ၁၉။ မိဘတွေက ချမ်းသာတဲ့ထဲ
လည်းမပါပဲ ငွေအသင့်အတင့်ရှိကြသူတွေ
ဖြစ်သည်။ စာလည်းတော် တည်ကြည်ရင့်ကျက်
တဲ့သူဖြစ်တာကြောင့် ကျောင်းသားဥက္ကဌ
နေရာကိုရထားသူပင်။ အခုလည်း သူ့အတန်းထဲကဆိုးပေသူငယ်ချင်းနှစ်ယောက် ယူဝွန်းနဲ့
မွန်လီက သူမရှိတုန်းထိုးကြိတ်ထားမှုကြောင့်
ကျောင်းအုပ်ကြီးရဲ့ဆူပူမှုကိုအကြိတ်အနှယ်
ခံနေရတော့သည်။"ကျတော်တောင်းပန်ပါတယ်
ဆရာကြီး ကျတော့်ပေါ့ဆမှုကြောင့်ပါ'"မင်းတို့ကမိဘတွေခေါ်ရမယ့်အရွယ်တွေလည်း
မဟုတ်တော့ဘူး ကျောင်းသားဥက္ကဌ ကင်မ်
နောက်ခါမပေါ့ဆမိစေနဲ့ ဒီနှစ်ကောင်ကို
သေချာကြည့်ထား ကြားလား'"ဟုတ်ကဲ့ပါ'
"သွားကြတော့မင်းတို့ရုံးခန်းကို'
"မင်းတို့နှစ်ကောင်အဲ့တာဘယ်သွားတာလဲ!'
ရုံးခန်းကထယ်ယောင်းတို့ထွက်လာကြတော့
သူ့ငယ်ပေါင်းဖော်သူငယ်ချင်းကြီး
နှစ်ကောင်ကသူ့ဆီကအဆော်ခံရမှာစိုးလို့
ပြေးဖို့ကြံနေတာကြောင့် ထယ်ယောင်း
အော်ခေါ်လိုက်သည်။"ဟီးဟီး သူငယ်ချင်းကြီးကလဲ'
"ငါတို့ကအပျော်ရန်ဖြစ်တာပါ
ပြီးရင်တည့်တာပဲမင်းသိတာပဲ'ကလေးလေးလိုလိုခွေးလိုလို
နှစ်ကောင်ကြောင့်ထယ်ယောင်း
ခေါင်းတခါခါဖြင့်သာ။ယူဝွန်းနဲ့မွန်လီက ချမ်းသာကြတဲ့သူတွေထဲ
ပါသည်။သို့ပေမယ့် သူတို့မိဘတွေ
အချင်းချင်းကခင်မင်ကြသည်။
ဒါကြောင့်ထယ်ယောင်းကငယ်ငယ်
တည်းကသူတို့နဲ့ငယ်ပေါင်းဖော်တွေပင်။"ထားတော့ ဒါနောက်ဆုံးဖြစ်ပါစေ
မဟုတ်ရင်ငါအန်တီတို့ကိုတိုင်ပစ်မှု'